Connect with us

Hi, what are you looking for?

News

သရက်​ချောင်းမြို့နယ်တွင် အသက်၁၄ နှစ်၊ ၁၇ နှစ်အရွယ် လူငယ်သုံးဦးအပါအဝင်ပြည်သူ ၄ဦးကိုစစ်​ကောင်စီတပ်ပစ်သတ်

“ကလေးတွေက သူတို့ကို မြင်လို့ ထွက်ပြေးတာကို ခေါင်းကို ချိန်ပြီး ပစ်သတ်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ၁၄ နှစ် ၊၁၇ နှစ်အရွယ်ရှိကလေး သုံးဦးအပါအဝင် ပြည်သူလေးဦးကို ယနေ့ပစ်သတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားယ​နေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သားများက ဒေသခံများကို လိုက်လံပစ်သတ်ရာတွင် ပြည်သ​လေးဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

ပစ်သတ်ခံရသည့် ကလေးငယ် သုံးဦးမှာ သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာတွင် ပန်းရံလုပ်ကိုင်နေစဉ် အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ ​မောင်ခန့်ဇင်ထွေး (၁၄ နှစ်)၊ မောင်အောင်သက်ဖြိုး (၁၇ နှစ်)၊ မောင်ရဲဇော်ထိုက် (၁၇ နှစ်)တို့ဖြစ်ပြီး အခြားတစ်ဦးမှာ ပြည်သူတစ်ဦးမှာ အတည်ပြုချက်မရရှိသေးဟု ဒေသခံများထံမှ သိရသည်။

“ကလေးတွေက သူတို့ကို မြင်လို့ ထွက်ပြေးတာကို ခေါင်းကို ချိန်ပြီး ပစ်သတ်သွားတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေသည့် စော်ဖျားရွာကို စစ်ကူပေးရန်လာခဲ့သည့် စစ်ကား ၂ စီးကို ဒေသခံကာကွယ်ရေးတပ်များက ကင်းရှေ့ရွာထိပ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များက ရွာသားကို လိုက်လံပစ်ခတ်ခဲ့ပြီး အဆိုပါကလေး ၃ ဦးအပါအဝင် အနည်းဆုံးပြည်သူလေးဦး သေဆုံးခဲ့ရသည်ဟု ဒေသခံများက​ပြောသည်။

ထိုအပြင် ကင်းရှေ့၊ စော်ဖျား၊ ကျောက်လှေကားစသည့် ကျေးရွာမှ ပြည်သူများကိုလည်း ဖမ်းဆီး ရိုက်နှက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။ ထွက်ပြေး
သည့် ရွာသားများကိုလည်း သေနတ်ဖြင့် လိုက်လံပစ်ခတ်သဖြင့် ဒဏ်ရာရရှိထားသူ အများအပြားလည်းရှိနေသည်ဟု ဒေသခံများကပြောသည်။ အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ ဆိုင်ကယ်များနှင့်အခြားအဖိုးတန်ပစ္စည်းများကို လိုက်လံခိုးယူနေသည်ဟုလည်း ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။