Connect with us

Hi, what are you looking for?

News

လွိုင်​ကော်တိုက်ပွဲ စစ်​ကောင်စီတပ် ​သေဆုံးသူများပြား

အကြမ်းဖက်စစ်တပ်က ၎င်းတို့ဘက်မှ ​သေဆုံးသည့်အ​လောင်းများအနက် ငါးလောင်းကို ပြည်သူပိုင်အိုးအိမ်ငါးလုံးခန့် အတွင်းပစ်ထည့်ပြီး မီးရှို့သွားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

PDFတစ်ဦးကျဆုံးပြီး ​နေအိမ်များကို စစ်​ကောင်စီတပ် မီးရှို့ဖျက်ဆီး

ကယားပြည်နယ် လွိုင်​ကော်မြို့ ရွာတန်းရှည်ရပ်ကွက်အနီး၌ တင့်ကားအပါအဝင် စစ်​ကြောင်းထိုးလာ​သော အကြမ်းဖက်စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ သေဆုံးသူ ၃၀ဦးထက်မနည်းရှိကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO-PDF)က ယနေ့ ညပိုင်းတွင် ထုတ်ပြန် သည်။

ယနေ့(ဇန်နဝါရီ ၈ ရက်) နံနက် ၁၀နာရီခွဲကစ၍ညနေ ၅ နာရီခွဲအထိ ပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်​ကောင်စီတပ်မှ ၃၀ထက်မနည်း သေဆုံးကာ အ​မြောက်အများထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်​​ကောင်စီတပ်မှာ အ​မြောက်အမြား​သေဆုံးထိခိုက်ခဲ့​သော​ကြောင့် ည​နေ ၂ နာရီခွဲ အချိန်တွင် တိုက်​လေယာဥ်နှစ်စင်းအပြင် ရဟတ်ယာဥ်တစ်စီးဖြင့်ပါ  မိနစ်၂၀ခန့်ကြာ​​ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း DMO-PDF က ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး ညီ​နောင် မဟာမိတ်တပ် လွိုင်​ကော် (PDF)မှ ရဲ​ဘော်တစ်ဦး တိုင်းပြည်အတွက် အသက်​ပေးသွားခဲ့သည်ဟု ဆိုသည်။

အကြမ်းဖက်စစ်တပ်က ၎င်းတို့ဘက်မှ ​သေဆုံးသည့်အ​လောင်းများအနက် ငါးလောင်းကို ပြည်သူပိုင်အိုးအိမ်ငါးလုံးခန့် အတွင်းပစ်ထည့်ပြီး မီးရှို့သွားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့အပြင် ကယားပြည်နယ် ဒီး​မော့ဆိုမြို့မရဲစခန်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို (DMO -PDF)၊ KNDF ပူး​ပေါင်းကာ ယနေ့ ညနေ ၃ နာရီခွဲခန့်ကစ၍ ၁နာခွဲကြာ တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင်လည်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook