Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်​ကောင်စီတပ်နှစ်ဦး ဒဏ်ရာရ

“နှစ်ဖက် အပြန်အလှန်ပစ်တာ ၁၀ မိနစ်လောက်ကြာတယ်။ ဟိုဘက်က လက်နက်ကြီးနဲ့‌ ခြောက်ချက်လောက်ပစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြိုတ်ခရိုင် တနင်္သာရီမြို့နယ်၊ တကူရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ နှင့် အပြန်အလှန်ပစ်ခတ်မူဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့​ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ဘက်မလိုက်​​ပြောက်ကျားအဖွဲ့က ယနေ့ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၁၀)ညနေ ၅နာရီကျော်တွင် တနင်္သာရီမြစ်တဖက်ကမ်းစီမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြခြင်းဖြစ်ပြီး အကြမ်းဖက်စစ်​ကောင်စီဖက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။

“နှစ်ဖက် အပြန်အလှန်ပစ်တာ ၁၀ မိနစ်လောက်ကြာတယ်။ ဟိုဘက်က လက်နက်ကြီးနဲ့‌ ခြောက်ချက်လောက်ပစ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယနေ့နေလယ်ပိုင်းတွင်စစ်ကောင်စီ၏ကင်းထောက် လေယာဉ်တစ်စီးက တကူရွာဘက်တွင် ပျံသန်းပြီးနောက် ညနေပိုင်းတွင်အကြမ်းဖက်စစ်​ကောင်စီတပ်ဘက်က တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဒေသခံများက​ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက တကူရွာများ ရွာသားများကို ဖမ်းဆီးပြီး လူသားဒိုင်းဖြင့် အသုံးပြုကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ကို လိုက်လံရှာဖွေနေခြင်းဖြစ်ပြီး ပြည်သူပိုင်ဥယျာဉ်ခြံများ၊ နေအိမ်များကို ဖျက်ဆီးခြင်းတို့ပြုလုပ်ခဲ့သည်ဟုလည်းထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်စစ်ကောင်စီ တပ်များသည် တကူကျေးရွာမှ ရွာသား ၃၀ ခန့်ကို ဇန်နဝါရီ ၇ ရက်က ပေါ်တာဆွဲကာ စစ်ယူနီဖောင်းဝတ်ခိုင်းပြီး လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည်ဟု ဒေသခံများကဆိုသည်။ ဇန်ဝါရီ ၈ ရက်တွင်လည်း တဲ အိမ် ၈လုံးနှင့် ကားတစ်စီးကို အကြမ်းဖက်စစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။