Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက မူသယ်ဒေသရှိ ကျေးရွာများကို လက်နက်ကြီးဖြင့်ပစ်ခတ်၍ စစ်ရှောင် ၂,၀၀၀ ကျော်ရှိ လာဟု KNU ထုတ်ပြန်

အဆိုပါ စစ်ရှောင်ပြည်သူများအနေဖြင့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ စားနပ်ရိက္ခာ ၊ အိုး၊ ခွက်၊ ပန်းကန်၊ စောင်၊ ခြင်ထောင်နှင့် အနွေးထည်များ မလုံလောက်၍ KNU ကျောက်ကြီးမြို့နယ် တာဝန်ရှိသူများနှင့် ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ (CIDKP)တို့ ပူးပေါင်း၍ စစ်ရှောင်များအား ကူညီလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေရှိ ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ၂,၀၀၀ကျော် စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု KNU ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် မူသယ်ဒေသတွင် ယခုနှစ် ဇန်ဝါရီလဆန်းမှစ၍ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု ပိုမိုပြုလုပ်လာပြီး KNU တပ်မဟာ(၅) အတွင်းရှိ တပ်စခန်းများအား ကားဖြင့် ရိက္ခာများ တင်ပို့နိုင်ရန် လမ်းပြင်ကားများ ပို့ဆောင်လာနေ၍ KNU တပ်မဟာ(၃) ရှိ တပ်ရင်းတပ်ဖွဲ့များနှင့်ထိတွေ့ ပစ်ခတ်မှုများ နေ့စဉ်နီးပါး ရှိနေသည်ဟု ဆိုသည်။

ထိတွေ့ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် အာဏာသိမ်းစစ်ကောင်စီ၏ ရိက္ခာတင်ပို့သောကားများ ပျက်စီးဆုံးရှုံးမှု ရှိခဲ့သဖြင့် စစ်ကောင်စီ၏ တပ်များသည် မူသယ်ဒေသမှ ကားလမ်းအနီးအနားရှိ ပြည်သူလူထု များနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ချခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး အာဏာသိမ်း စစ်ကောင်စီ၏ တပ်များမှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် မူသယ်ဒေသရှိ ခဲဒိုးကျေးရွာ နှင့် တကော်ဒဲကျေးရွာ အစရှိသည့်ကျေးရွာများမှ ပြည်သူ လူထုများသည် တောတောင်များထဲသို့ ထွက်ပြေးပုန်းရှောင်ခဲ့ရပြီး ပြည်သူ ၂,၀၀၀ကျော်ရှိသည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ရှောင်ပြည်သူများအနေဖြင့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ စားနပ်ရိက္ခာ ၊ အိုး၊ ခွက်၊ ပန်းကန်၊ စောင်၊ ခြင်ထောင်နှင့် အနွေးထည်များ မလုံလောက်၍ KNU ကျောက်ကြီးမြို့နယ် တာဝန်ရှိသူများနှင့် ကရင်ပြည်တွင်း နေရပ်စွန့်ခွာသူများကော်မတီ (CIDKP)တို့ ပူးပေါင်း၍ စစ်ရှောင်များအား ကူညီလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။