Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ ဒီမနက် စစ်​ကောင်စီတပ်​က လေ​ကြောင်းတိုက်ခိုက်လို့ ​​​ဒေသခံ​တွေ ထိခိုက်​သေဆုံးမှု​တွေရှိ​နေ

လေယာဉ်နှစ်စင်းပေါ်ကနေ ကျေးရွာထဲကို ဗုံးလေးလုံး ကြဲချခဲ့တာဖြစ်ပြီး အဆောက်အဦး ၅ လုံးပါ ထိမှန်ပျက်စီးသွားခဲ့သေးတာပါ။

ဖာပွန်ခရိုင်ထဲကို ဒီကနေ့မနက်ပိုင်းက အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့လို့ ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေရှိတယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၁၃ ရက် မနက် ၁ နာရီအချိန်က ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်တဲ့ ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် ရွှေညောင်ပင်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေယာဉ်နှစ်စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားတစ်ဦးသေဆုံးသွားခဲ့ပြီး သုံးဦးဒဏ်ရာရရှိသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လေယာဉ်နှစ်စင်းပေါ်ကနေ ကျေးရွာထဲကို ဗုံးလေးလုံး ကြဲချခဲ့တာဖြစ်ပြီး အဆောက်အဦး ၅ လုံးပါ ထိမှန်ပျက်စီးသွားခဲ့သေးတာပါ။

မနေ့ ဇန်နဝါရီ ၁၂ ရက် မနက်အစောပိုင်းကလည်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ် လယ်ထူဖိုး၊ ဝါးခါဒဲနဲ့ ထွီသီးအူ အနီးအနားနေရာတွေကို စစ်ကောင်စီ လေယာဉ် ၂ စင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ ဆေးပေးခန်းတွေ ထိခိုက်ပျက်စီးသွားခဲ့သေးတယ်လို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကမမောင်း-ဖာပွန်ကားလမ်းပိုင်းမှာစစ် ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်နဲ့ KNU တပ်မဟာ (၅) ဦးစီးတဲ့ပူးပေါင်းတပ်တွေကြားအခုရက်ပိုင်းတွေအတွင်းတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ ကမမောင်းအခြေစိုက်ကရင့်နယ်ခြားစောင့်တပ်( BGF) အမှတ် (၁၀၁၄)တပ်ရင်းနဲ့နီးစပ်တဲ့ကရင်သတင်းရင်းမြစ်ကပြောပါတယ်။