စစ်ကိုင်းတိုင်း ကလေးမြို့ရှိ ပြည်သူများစုပေါင်းသည့် ပင်မသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ရက်ပေါင်း (၃၄၀)ပြည့်အဖြစ် ယနေ့ (ဇန်နဝါရီ ၁၂ ရက်) နေ့လယ်ပိုင်းက ချီတက်ဆန္ဒပြခဲ့သည်။

ချင်းပြည်နယ် မတူပီမြို့၌ အကြမ်းဖက်စစ်ကောင်စီတို့၏ လူသားဒိုင်းအသုံးပြုကာ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသည့် အပြစ်မဲ့ ပြည်သူ၁၁ဦးနှင့် တစ်နိုင်ငံလုံးမှ ကျဆုံးခဲ့ရသည့် ပြည်သူများအတွက် ဖယောင်းတိုင် ထွန်းအောက်မေ့ခြင်းနှင့် နှင်းဆီပန်းချဂုဏ်ပြုခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ခဲ့ကြသည်။

အာဏာသိမ်းစစ်ကောင်စီမှ လုံခြုံရေးများ တင်းကျပ်စွာပိတ်ဆို့တားဆီးမှုများကြားက ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်ခြင်းကို အင်အားအများအပြားဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများအား အပြီးတိုင် ချုပ်ငြိမ်းသွားစေရန်ငြိမ်ခံမနေပဲ၊ လမ်းမပေါ်သို့တက်ကာ အလံနှင့်အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန်လည်း သပိတ်ဦးဆောင်သူတို့က အလေးအနက်တိုက်တွန်းခဲ့သည်။

Public Service Announcement


















































