Connect with us

Hi, what are you looking for?

News

အရာ​တော်တွင်စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်း​သေပြီးအများအပြားဒဏ်ရာရ

“ဒီလ ၉ ရက်နေ့လောက်ကတည်းက အရာတော် မြောက်ပိုင်းဘက်က ရွာတွေကို ဝင်စီးနေတာ။အင်းအား ၅၀ လောက်နဲ့။ဒီနေ့ ငြိမ်းစံ ကျေးရွာဘက်ကနေ ထွက်လာမယ် လို့ သတင်းရတာနဲ့ ကြိုတိုက်နိုင်ခဲ့တာ”ဟု ARA မှ ဗိုလ်ပေါက်စီက People’s Spring သတင်းဌာနသို့ ပြောသည်။

■အ​လောင်းလာမ​ကောက်​သေးဟု ARA ​ပြော

စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ် မြောက်ပိုင်းရှိ ကျေးရွာများကို စစ်​ကြောင်းထိုးနေသော အကြမ်းဖက်စစ် ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိနိုင်သည်ဟု အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန် သည်။

ယနေ့ ( ဇန်နဝါရီ၁၃ရက်) နံနက်(၈)နာရီခွဲခန့်က အရာတော်မြောက်နယ်၊ ကြာပင်လှကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီခြေလျင်တပ်ဖွဲ့များကို ARA မြောက်ပိုင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီလ ၉ ရက်နေ့လောက်ကတည်းက အရာတော် မြောက်ပိုင်းဘက်က ရွာတွေကို ဝင်စီးနေတာ။အင်းအား ၅၀ လောက်နဲ့။ဒီနေ့ ငြိမ်းစံ ကျေးရွာဘက်ကနေ ထွက်လာမယ် လို့ သတင်းရတာနဲ့ ကြိုတိုက်နိုင်ခဲ့တာ”ဟု ARA မှ ဗိုလ်ပေါက်စီက People’s Spring သတင်းဌာနသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သားတချို့မှာ မိုင်းကွင်းပေါ်တွင် မြောက်တက်သွားပြီး သေဆုံးသူ(၁၀)ဦးထက်မနည်းရှိနိုင်သည်ဟု ARA က ထုတ်ပြန်သည်။

ပေါက်ကွဲမှုပြင်းထန်၍ ဒဏ်ရာရရှိသွားသူ စစ်သား(၂၀)ဦးခန့်ထိ ရှိနိုင်ပြီး ဖြစ်စဉ်နေရာတွင် ကျန်ခဲ့သော အလောင်းများကို ယနေ့မွန်းလွဲပိုင်းအထိ လာရောက်ကောက်ယူနိုင်ခြင်းမရှိသေးကြောင်း အရာတော်မြို့နယ်သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။

“၅ ယောက်ကို လာ‌မကောက်သေးဘူးလို့သိရပါတယ်ဗျအခု ကုန်းသာရွာကို ဆက်သွားပါပြီ။”ဟု အရာတော်မြို့နယ်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် အရာတော်မြောက်နယ်မှ ကျေးရွာများကို (၄)ရက်တိုင် လှည့်ပတ်၍ ရှာဖွေရေးလုပ်နေသော ခြေလျင်စစ်ကြောင်းဖြစ်ပြီး ယနေ့ ငြိမ်းစံရွာမှ ကြာပင်လှရွာဘက်သို့အသွားတွင် တိုက်ခိုက်ဆုံးမပေးခဲ့ခြင်းဖြစ်သည်ဟု လျှပ်စီးမိုးကြိုးမုန်တိုင်း(ARA မြောက်ပိုင်း)က ပြောသည်။

ဇန်နဝါရီ ၁၂ ရက်ကလည်း အရာတော် အရှေ့ပိုင်းရှိ သမ္မရိုးကျေးရွာမှ ပျူစောထီး အလောင်း လာကောက်သည့် စစ်ကောင်စီ ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား နှင့် ပျူစောထီ အဖွဲ့မှ ခုနှစ်ဦး​သေဆုံးခဲ့ကြောင်း လည်း ARA က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook