Connect with us

Hi, what are you looking for?

News

လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီလက်ချက်ကြောင့် လွိုင်ကော်ရှိ ဘုရားကျောင်းအချို့နှင့် လူနေအိမ်များပျက်စီး

ဇန်နဝါရီ ပထမပတ်မှစ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လေယာဉ်ဖြင့်တိုက်ခိုက်မှုကြောင့် လွိုင်ကော်မြို့ပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်းနှင့် အဆောက်အဦးများ၊ လူနေအိမ်ခြေများ ပျက်ဆီးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က ထုတ်ပြန်သည်။

ဇန်နဝါရီ ပထမပတ်မှစ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့ လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် လွိုင်ကော် ဒေါဥခူ ကတ်သလစ် ဘုရားကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသရှိ ဘာသာရေးဘုရားကျောင်း၈ကျောင်း ပျက်စီးထိခိုက်ခဲ့ဟု PKPFက ဆိုသည်။ ထို့ပြင် လွိုင်ကော်မြို့ပေါ်ရှိ ကယားဖူး နှစ်ခြင်း အသင်းချုပ်ရုံးနှင့် ကယားဖူး မေတ္တာရိပ်မွန် မိဘမဲရိပ်သာ အဆောက်အဦးလည်း ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။

“၁၁ရက်နေ့က လေကြောင်း တိုက်ခိုက်လို့ တိုက်လေယာဉ်နဲ့ ပစ်သွားလို့ ဒေါဥခူ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ကျောင်း ပြိုသွားတာရှိတယ်။ အထဲမှာ ပိတ်မိတဲ့သူတွေလည်း အများကြီးပဲ။ ကယ်ဆယ်ရေးကတိုက်ပွဲ ငြိမ်သက် သွားမှ ဒီဘက်က PDFဘက်က ကယ်ထုတ်သွားတာ”ဟု လွိုင်ကော်မြို့ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ယခင်နေ့များက လွိုင်ကော်မြို့ပေါ်ရှိ မိုင်းလုံး၊ ဒေါဥခူး၊ ရွာတန်းရှည် ရပ်ကွက်များ၌ တိုက်ပွဲဖြစ်ခဲ့ရာ ယနေ့နံနက် တွင် ရွှေတောင်ရပ်ကွက်နှင့် ဆေးရုံကုန်းအနီးတိုက်ပွဲဖြစ်ပွားကာ တိုက်ပွဲကျယ်ပြန့်လာသည်ဟု ကြားရကြောင်း စစ်ဘေးတိမ်းရှောင်နေသည့် လွိုင်ကော်မြို့ခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ ပိုလုပ်လာတယ်လို့ ကရင်နီပြည်တပ်မတော်(KA)တပ်ရင်း-၅ တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်း နောင်ပုလုကျေးရွာကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ဦးအပါအ၀င် ၄ဦးသေဆုံးပြီး ၈ဦး ဒဏ်ရာရတယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အရှေ့ဘက်ခြမ်းက စခန်းကုန်းတွေ မကျရေး စစ်‌တပ်က လေကြောင်းက နေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်က စစ်​တွေရှိလက်နက်ကြီးအထိုင်စခန်းအနည်းဆုံး ၇နေရာ၊ သံချပ်ကာတင့်ကား၂စီးနဲ့စစ်သင်္ဘောအချို့ပေါ်ကပုဏ္ဏားကျွန်း-စစ်တွေ-ရသေ့တောင်မြို့နယ်တို့ရှိ ရပ်ရွာ​တွေကိုလက်နက်ကြီး​တွေနဲ့ပစ်ခတ်