Connect with us

Hi, what are you looking for?

News

ABSDFက စစ်ကောင်စီကို စတင်တိုက်ခိုက်

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၂ချက်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင် စီဘက်မှ ကျဆုံးမှုများနိုင်ကြောင်း၊ ပူးပေါင်းအဖွဲ့မှ ထိခိုက်မှု လုံး၀မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

▪️ကသာ(ပကဖ)နှင့်ပေါင်းပြီးတိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုများနိုင်ဟုဆို

အပစ်ရပ်လက်မှတ်ထိုးအဖွဲ့ဖြစ်​သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)သည် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သည့် တိုက်ပွဲတွင် စတင်ပါဝင်လာပြီး ယနေ့တွင် ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့်အတူပေါင်းပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သည်။

Katha Revolution၏ ဖော်ပြချက်အရ ဇန်နဝါရီ ၁၅ရက် မွန်းလွဲ ၂နာရီခန့်တွင် ရွှေကူမှ ကသာမြို့ဘက်သို့မောင်းနှင်လာသည့် စစ်ကောင်စီသင်္ဘောနှစ်စီးအား စောင့်ဆိုင်းနေသည့် နကူးရွာဟောင်းမှ စစ်ကောင်စီအဖွဲ့များအား ABSDF ကျောင်းသားတပ်နှင့် ပကဖ ပူးပေါင်းအဖွဲ့က ၆၀(မမ)၊ RPG တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ၂ချက်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင် စီဘက်မှ ကျဆုံးမှုများနိုင်ကြောင်း၊ ပူးပေါင်းအဖွဲ့မှ ထိခိုက်မှု လုံး၀မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ပွဲသည် အာဏာသိမ်းပြီးနောက်ပိုင်း ABSDF ပါဝင်လာကြောင်း ပထမဆုံးတွေ့ရသည့် တိုက်ပွဲဖြစ် သည်။

၁၉၈၈ အရေးတော်ပုံကာလက ပေါ်ပေါက်ခဲ့သည့် ကျောင်းသားတပ်မတော်ဟုခေါ်ဆိုသော ABSDF တပ်များသည် ယခု နွေဦးတော်လှန်ရေးကာလတွင် မည်သည့်ဒေသ တိုက်ပွဲ၌ ပါဝင်နေသည်ကို မေးမြန်းရန် အဖွဲ့တာဝန်ရှိသူအချို့အား ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။