Connect with us

Hi, what are you looking for?

News

ပြည်ကြီးတံခွန် (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး တပ်စွဲထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ ​သေဆုံးမှုရှိ

ပြည်ကြီးတံခွန်မြို့နယ် လမ်း(၁၃၀)စျေးအနီးရှိ (ဆ)ရပ်ကွက်အုပ်ချုပ်ရုံးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ROM က ဆိုသည်။

People's Spring
People's Spring

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်(ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် Rangers Of Mandalay(ROM)က ယနေ့(ဇန်နဝါရီ ၁၇) ထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကို Rangers Of Mandalay (ROM)နှင့် YNO MDY PDF အဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်ကြီးတံခွန်မြို့နယ် လမ်း(၁၃၀)စျေးအနီးရှိ (ဆ)ရပ်ကွက်အုပ်ချုပ်ရုံးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဗုံးပစ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ROM က ဆိုသည်။

ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခံရချိန်တွင် စစ်ကောင် စီဘက်မှ ပြန်လည်ပစ်ခတ်မှုရှိခဲ့သော်လည်း ROM နှင့် မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်း ၎င်းတို့က အတည်ပြုသည်။

Public Service Announcement

Public Service Announcement

“UG တွေလဲ ကြပ်နေလို့ ပြည်သူတွေပူးပေါင်းပါဝင်ပေးဖို့၊ တော်လှန်ရေးကိုအာရုံစိုက်ကြဖို့ပဲပြောချင်ပါတယ်”ဟု ROM ​မြို့ပြပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် မြို့ပြပြောက်ကျားတပ်ဖွဲ့များမှ စစ်ကောင်စီတပ်နှင့် ၎င်း၏ ထောက်တိုင်များအား တိုက်ခိုက်လျက်ရှိရာ ယခုလအတွင် (ဆ)ရပ်ကွက်မှ ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရပြီး မြို့နယ်လျှပ်စစ်မီတာရုံး ဗုံးခွဲ တိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်တပ်ခန့်အုပ်ချုပ်​ရေးမှူးကဦး​ဆောင်ပျူအဖွဲ့ ဖွဲ့ထားချိန်ယခုဖြစ်စဥ်ဖြစ်ခဲ့ဟုဒေသခံအချို့​ပြော

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook