Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်ကို ​ချင်းဒေသခံကာကွယ်​ရေးတပ်များချုံခိုတိုက်ခိုက်ရာ စစ်​ကောင်စီတပ်သား ၁၀ဦးထပ်​သေ

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များ၍ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ချင်းတောင်မှ ကလေးမြို့ကို ပြန်လည် ဆင်းသွားသည်ဟု CDM (စီးယင်း) ကထုတ်ပြန်ထားသည်။

ကလေးမြို့နှင့်ချင်းတောင်ကို ဆက်သွယ်ထားသည့်က​လေး-သိုင်းငင်လမ်းတွင် အကြမ်းဖက်စစ်ကောင်စီ ယာဉ်တန်းကိုဒေသခံကာကွယ်ရေးတပ်များယ​နေ့ ခြုံခိုတိုက်ရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့်Civic Defense Militia- Siyin (CDM- စီးယင်း) အဖွဲ့ကထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့မနက်ပိုင်း ၁ဝနာရီတွင် စစ်ကားကြီး ၃ စီးနှင့် စက်သေနတ်ပါ ကားသေး ၂ စီးတို့ဖြင့် ချင်းတောင်ပေါ်တက်လာရာတွင်ဒေသခံကာကွယ်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်များ၍ အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းသည် ချင်းတောင်မှ ကလေးမြို့ကို ပြန်လည် ဆင်းသွားသည်ဟု CDM (စီးယင်း) ကထုတ်ပြန်ထားသည်။

“စစ်ကားတွေ ဒီနေ့တက်လိုက်ဆင်းလုပ်နေတာတွေ့ရတယ်”ဟု ဒေသခံတစ်ဦးကလည်းပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ပွဲကို ချင်းအမျိုးသားတပ်ဦး CNA ၊CDM (စီးယင်း) ၊ PDF-Zoland ၊Zongam Army ၊CDF(ကလေး၊ ကဘော်၊ ဂန့်ဂေါ) -၂ တို့ကို စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု​ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် က​လေးမြို့ဘက်မှတစ်ဆင့် ချင်းတောင်သို့ စစ်​ကြောင်းထိုးဝင်ရောက်ပြီး က​လေး-သိုင်ငင်လမ်း​ဆုံကို ထိန်းချုပ်ရန် ကြိုးပမ်း​နေသည်။ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကလည်း ပူးပေါင်းခုခံတုက်ခိုက်​နေပြီး တိုက်ပွဲများဆက်တိုက် ဖြစ်ပွား​နေသည်မှာ ၄ ရက်ရှိပြီဖြစ်သည်ဟု PDF-Zolandက ယနေ့ ထုတ်ပြန်သည်။ဇန်နဝါရီ ၁၆ ရက်နံနက်တိုက်ပွဲတွင် စစ်​ကောင်စီတပ် အထိ့နာသဖြင့် ​တိုက်​လေယာဥ် အကူသုံးခဲ့သည်။

(က​လေး- သိုင်းငင်းလမ်းပိုင်းတ​နေရာ (ပုံ​ဟောင်း)
ဓါတ်ပုံ -People’s Spring)

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။