Connect with us

Hi, what are you looking for?

News

ဖလမ်းမြို့နယ်အတွင်းတိုက်ပွဲ စစ်​ကောင်စီတပ် ၂၅ ဦး​သေ

ယမန့်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာ အနီး တိုက်ပွဲတွင်စစ်​ကောင်စီတပ်သား ၁၇ ဦးနှင့် ယနေ့ လာသီးကျေးရွာအနီးတွင်ဖြစ်ပွားသည့် တိုက်ပွဲတွင် ၈ ဦး နှစ်ရက်အတွင်း စုစုပေါင်း ၂၅ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

(CNDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ -CNO)

ကလေး-ဖလမ်းလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဖလမ်းအခြေစိုက်ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် CNDFတို့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ရက်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား ၂၅ ဦးသေဆုံးခဲ့သည်ဟု ဖလမ်းအခြေစိုက် ချင်းအမျိုးသားအဖွဲ့ချုပ်(CNO) က ယနေ့ သတင်းထုတ်ပြန်သည်။

ယမန့်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာ အနီး တိုက်ပွဲတွင်စစ်​ကောင်စီတပ်သား ၁၇ ဦးနှင့် ယနေ့ လာသီးကျေးရွာအနီးတွင်ဖြစ်ပွားသည့် တိုက်ပွဲတွင် ၈ ဦး နှစ်ရက်အတွင်း စုစုပေါင်း ၂၅ ဦးသေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

ဇန်နဝါရီ ၁၆ ရက်နေ့က ဖလမ်းမြို့နယ်၊ ပါရ်သဲ ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ကို CNDF တပ်ဖွဲ့ဝင်များမှ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲအတွင်း ဖလမ်းမြို့ အ‌ခြေစိုက် ခလ၇ ၂၆၈ မှ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ကူခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိသည်ဟုဆိုသည်။ CNDF ဘက်မှ ၁ ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

ယနေ့ လာသီးကျေးရွာအနီးတိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်မှ ၈ ဦးသေဆုံးပြီး CNDFမှ ထိခိုက်သူမရှိခဲ့ဟုပါရှိသည်။ အကြမ်းဖက်စစ်ကောင်စီတပ်များက ဇန်နဝါရီ ၆ ရက် ကတည်းပင် ချင်းတောင်ပေါ်ကို အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook