Connect with us

Hi, what are you looking for?

News

နတ်​ချောင်းရွာတိုက်ပွဲတွင်ကျဆုံးခဲ့​သော PDF ​လေးဦးအတွက် နာ​ရေးအခမ်းအနားပြုလုပ်

ကျဆုံးခဲ့သူ လေးဦးမှာ ကိုငယ်လေး(၄၀နှစ်)၊ ကိုအဲသား(၄၀နှစ်) ၊ကိုအဲပွေ(၄၆နှစ်) နှင့်ကိုငွေသွား(၄၄နှစ်) တို့ဖြစ်သည်ဟု နတ်ချောင်းရွာကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

နတ်ချောင်းရွာတိုက်ပွဲတွင် ကျဆုံးခဲ့သည့် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင် လေးဦးအတွက် သက်ပျောက်တရား နာခြင်း၊ အမိန့်ပြန်တမ်းထုတ်ပြန်ခြင်း၊ ဂုဏ်ပြု​သေနတ်ပစ်​ဖောက်ခြင်းတို့ပြုလုပ်ကာနာ​ရေးအခမ်းအနားကို ယနေ့ ပြုလုပ်ခဲ့သည်။

၂၀၂၁ ဒီဇင်ဘာ ၂၆ရက်ညက ကလေးမြို့ နတ်ချောင်းရွာကို အကြမ်းဖက်ကောင်စီက စစ်ကြောင်းထိုးစဥ် ပြည်သူအား ကာကွယ်ရင်း ကျဆုံးခဲ့​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်လေးဦး၏ နာ​ရေးအခမ်းအနားကို ယနေ့( ဇနဝါရီ၁၉ရက်) နံနက်ပိုင်းတွင် နတ်ချောင်းသုသာန်၌ ပြုလုပ်ခြင်းဖြစ်သည်။

ကျဆုံးခဲ့သူ လေးဦးမှာ ကိုငယ်လေး(၄၀နှစ်)၊ ကိုအဲသား(၄၀နှစ်) ၊ကိုအဲပွေ(၄၆နှစ်) နှင့်ကိုငွေသွား(၄၄နှစ်) တို့ဖြစ်သည်ဟု နတ်ချောင်းရွာကာကွယ်ရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

“ပြည်သူဘက်က ရပ်တည်ကာကွယ်ခဲ့ကြသော ကျဆုံးသူရဲကောင်းများ ကောင်းရာဘုံဘ၀မှာ အေးချမ်းနိုင်ကြပါစေ”

Public Service Announcement

Public Service Announcement

“အသက်စွန့်ပေးဆပ်ခဲ့ကြတဲ့ ရဲဘော်အပေါင်းတို့အား တိုင်တည်လျက် စစ်အာဏာရှင်စနစ်အမြစ်ဖြုတ်တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲ၀င်ကြပါမည်ဟု ပြည်သူ့ရှေ့မှောက်တွင် သစ္စာပြုလိုက်ပါသည် ” ဟု ကျဆုံးသူလေးဦးအား တိုင်တည်ကာ နတ်ချောင်းရွာကာကွယ်ရေးအဖွဲ့က သစ္စာဆိုခဲ့ကြသည်။

ပြီးခဲ့သည့်ဒီဇင်ဘာလအတွင်းအကြမ်းဖက်ကောင်စီက နတ်ချောင်းရွာအား လေကြောင်းမှ တိုက်ခိုက်ခဲ့သလို မြေပြင်တွင် အရပ်သားများအား သတ်ဖြတ်ခြင်း၊ နေအိမ်များအား မီးရှို့ခြင်းများ ပြုလုပ်ခဲ့သည်။ နတ်ချောင်းဒေသခံအရပ်သား ၂၀ဦးထက်မနည်း အသတ်ခံခဲ့ရပြီး အိမ်ခြေ ၄၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဒေသခံအများစုသည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။