Connect with us

Hi, what are you looking for?

LuduNwayOo

News

ပင်လည်ဘူးမြို့တိုက်ပွဲစစ်ကောင်စီတပ်အများအပြားသေဆုံးပြီး ၆ဦးအရှမ်ဖမ်းမိ၊ လက်နက်အချို့ရ ဟု NUG ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား များအပြား ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သား ၆ဦး အရှင် ဖမ်းမိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

( ၂၀၂၁ စက်တင်ဘာအတွင်းက ပင်လည်ဘူးမြို့ တွင် KIA၊ PDF ပူး​ပေါင်းအဖွဲ့ က စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​နောက်စစ်​ကောင်စီတပ်ထံမှ သိမ်းစည်းရမိ​သော လက်နက်ခဲယမ်းများကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးထိခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၈ရက်နေ့ မနက် ၃နာရီ ၄၅ မိနစ် ခန့်တွင် ပင်လည်ဘူးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မနက် ၇နာရီ ၂၅ မိနစ် တွင် ပင်လည်ဘူး ရဲစခန်းနှင့် စစ်ကောင်စီ တပ်စခန်းချရာ ရိပ်သာကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့သည်ဟုကာကွယ်​ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ညတွင်ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား များအပြား ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သား ၆ဦး အရှင် ဖမ်းမိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၁ဦး ကျဆုံးကာ ၈ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို​နေ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်အထိ့နာသဖြင့် ​စစ်​ကောင်စီတပ်က​လေ​ကြောင်းမှ တိုက်ခိုက်မှုများပင်ပြုလုပ်ခဲ့ရ​ကြောင်း​​ဒေသခံအချို့က ​ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။