Connect with us

Hi, what are you looking for?

News

ပင်လည်ဘူးမြို့တိုက်ပွဲစစ်ကောင်စီတပ်အများအပြားသေဆုံးပြီး ၆ဦးအရှမ်ဖမ်းမိ၊ လက်နက်အချို့ရ ဟု NUG ထုတ်ပြန်

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား များအပြား ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သား ၆ဦး အရှင် ဖမ်းမိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

( ၂၀၂၁ စက်တင်ဘာအတွင်းက ပင်လည်ဘူးမြို့ တွင် KIA၊ PDF ပူး​ပေါင်းအဖွဲ့ က စစ်​ကောင်စီတပ်ကိုတိုက်ခိုက်ပြီး​နောက်စစ်​ကောင်စီတပ်ထံမှ သိမ်းစည်းရမိ​သော လက်နက်ခဲယမ်းများကို ​တွေ့ရစဥ်)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ရှိ စစ်ကောင်စီတပ်များကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အများအပြားသေဆုံးထိခိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဇန်နဝါရီ ၁၈ရက်နေ့ မနက် ၃နာရီ ၄၅ မိနစ် ခန့်တွင် ပင်လည်ဘူးမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး မနက် ၇နာရီ ၂၅ မိနစ် တွင် ပင်လည်ဘူး ရဲစခန်းနှင့် စစ်ကောင်စီ တပ်စခန်းချရာ ရိပ်သာကုန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့သည်ဟုကာကွယ်​ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၀ ညတွင်ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား များအပြား ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ စစ်ကောင်စီတပ်သား ၆ဦး အရှင် ဖမ်းမိခဲ့ကြောင်း ၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သား ၁ဦး ကျဆုံးကာ ၈ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို​နေ့တိုက်ပွဲတွင် စစ်​ကောင်စီတပ်အထိ့နာသဖြင့် ​စစ်​ကောင်စီတပ်က​လေ​ကြောင်းမှ တိုက်ခိုက်မှုများပင်ပြုလုပ်ခဲ့ရ​ကြောင်း​​ဒေသခံအချို့က ​ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။