Connect with us

Hi, what are you looking for?

News

ပြင်သစ်​ရေနံကုမ္ပဏီTotal Energiesက မြန်မာနိုင်ငံမှလုပ်ငန်းများကို ရုပ်သိမ်းကြောင်း တရားဝင်​ကြေညာ

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို Total Energies ကအကြိမ်ကြိမ်ရှုတ်ချခဲ့သည်။

ပြင်သစ်ရေနံကုမ္ပဏီ Total Energiesက မြန်မာနိုင်ငံရှိဆက်လက်လုပ်ကိုင်မည့် လုပ်ငန်းများကိုရုပ်သိမ်းကြောင်း ယနေ့ တရားဝင်ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားနေသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို Total Energies ကအကြိမ်ကြိမ်ရှုတ်ချခဲ့သည်။

ထိုကြောင့် ယခုချိန်မှာစ၍ ကုမ္ပဏီ၏ အခြေခံမူများအရ အချက် သုံးချက်ကိုအ​ခြေခံ ဆုံးဖြတ်ချက်ခဲ့သည်ဟု ပြင်သစ်ကုမ္ပဏီက ထုတ်ပြန်လိုက်သည်။

ပထမအချက်မှာဓာတ်ငွေ့ပိုက်လိုင်းသည် မြန်မာနှင့်ထိုင်းပြည်သူများအတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့မူမရှိမဖြစ်လိုအပ်ခြင်းကြောင့်ဆိုသည်။

Public Service Announcement

Public Service Announcement

ဒုတိယအချက်မှာ ကုမ္ပဏီ၏ ဝန်ထမ်းများကို ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမူ၊ တရားစွဲဆိုမူများနှင့် အဓမ္မဖိအားပေး ခိုင်းစေမူများကို ကာကွယ်ပေးရန်နှင့်တတိယအချက်မှာ စစ်ကောင်စီထိန်းချုပ်ထားသည့် မြန်မာရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)သို့ ငွေကြေးစီးဆင်းမူဖြတ်တောက်ရန် တို့ဖြစ်သည်ဟု ပြင်သစ်ရေနံကုမ္ပဏီ ၏ ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

အာဏာသိမ်းစစ်​ကောင်းစီအတွက် နိုင်ငံခြား​ငွေရရှိ​စေ​သော သဘာဝဓါတ်​ငွေ့ ထုတ်လုပ်တင်ပို့​ရောင်းချမှုများကို ဆက်လက်မလုပ်ကိုင် ရန် ပြည်တွင်း၊ပြည်ပရှိ မြန်မာ့ဒီမိြက​ရေစီအ​ရေးအတွက် ကူညီ​နေ​သော အရပ်ဖက်အဖွဲ့အစည်းများ၊ပညာရှင်များ ၊ပြည်သူများကလည်း လက်မှတ်များ​ရေးထိုး၍ ပြင်သစ်​ရေနံကုမ္ပဏီTotoal နှင့်အ​မေရီကန်​ရေနံကုမ္ပဏီ Chevron တို့ကိုတိုက်တွန်း​တောင်းဆိုထားကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မျက်လုံးပြဿနာ တစ်ခုကြောင့် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ နေကာမျက်မှန်တပ်ပြီး နိုင်ငံတကာ ထိပ်သီး အစည်းအဝေး တစ်ခုမှာ ပါဝင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ဥရောပ သမဂ္ဂ (EU)က ထုတ်ချေးထားတဲ့ ငွေကြေးတွေနဲ့ အမေရိကန် လက်နက်တွေ ဝယ်ယူမယ့် ယူကရိန်းရဲ့ အစီအစဉ်ကို ပြင်သစ် အစိုးရက ကန့်ကွက် တားဆီးထားကြောင်း သိရပါတယ်။

သတင်း

OSP ၊ TPBI ၊ Grand Prix ၊Index Creative Village ကုမ္ပဏီ​တွေထွက်ခွာသွားပြီး ၊ SCG ဘိလပ်​မြေထုတ်စက်ရုံ နှစ်ရုံရပ်နားထား

နိုင်ငံတကာ

ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ မြင့်တက်နေတဲ့ အခြေအနေမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဥရောပ ခရီးစဉ်ကို အစပြုခဲ့ပြီး ပြင်သစ်နိုင်ငံ ပါရီမြို့ကို ရောက်ရှိလာခဲ့ပါတယ်။