Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နေကာမျက်မှန်တပ်ပြီး အစည်းအဝေး တက်ခဲ့တဲ့ ပြင်သစ် သမ္မတ

မျက်လုံးပြဿနာ တစ်ခုကြောင့် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ နေကာမျက်မှန်တပ်ပြီး နိုင်ငံတကာ ထိပ်သီး အစည်းအဝေး တစ်ခုမှာ ပါဝင်ခဲ့ရပါတယ်။

မျက်လုံးပြဿနာ တစ်ခုကြောင့် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ဟာ နေကာမျက်မှန်တပ်ပြီး နိုင်ငံတကာ ထိပ်သီး အစည်းအဝေး တစ်ခုမှာ ပါဝင်ခဲ့ရပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့က မာခရွန်ဟာ ဆွစ်ဇာလန်နိုင်ငံ ဒါဗော့စ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ် ဆွေးနွေးပွဲတွေကို တခြား နိုင်ငံခေါင်းဆောင်တွေနဲ့အတူ တက်ရောက်ခဲ့ပါတယ်။ အဲဒီ အစည်းအဝေးမှာ မာခရွန်နဲ့ ပတ်သက်လို့ လူတွေရဲ့ အာရုံကို ဖမ်းစားသွားတဲ့ အချက်နှစ်ခု ရှိပါတယ်။

ပထမ တစ်ခုကတော့ ဂရင်းလန်ကျွန်းကို အမေရိကန်က သိမ်းယူလိုတဲ့ ဆန္ဒကို ဆန့်ကျင်နေတဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေကို အခွန်တိုးမြှင့် စည်းကြပ်မယ်ဆိုတဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို အတိအလင်း ဖီဆန်သွားတဲ့ သူ့ရဲ့ မိန့်ခွန်းပါ။ ဒုတိယ တစ်ခုကတော့ မိုးလုံလေလုံ ခန်းမထဲမှာ နေကာမျက်မှန် တပ်ထားခဲ့တဲ့ သူ့ရဲ့ ဖက်ရှင်ပါပဲ။

ဒါပေမဲ့ ပြင်သစ် မီဒီယာတွေကတော့ အပြာရောင် နေကာမှန်သားနဲ့ မျက်မှန်တပ်ပြီး မိန့်ခွန်း ပြောသွားခဲ့တာဟာ မျက်လုံးက ပြဿနာကြောင့် ဖြစ်နိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက မာခရွန်ဟာ ပြင်သစ်တောင်ပိုင်းက စစ်စခန်း တစ်ခုဆီ သွားရောက် လည်ပတ်ခဲ့ချိန်မှာ မျက်လုံးတစ်ဖက်က နီရဲနေခဲ့သလို တချို့အချိန်တွေမှာ နေကာမျက်မှန် ထုတ်တပ်ထားတာ တွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဒါဗို့စ်မှာတော့ မာခရွန်က သူ့မျက်မှန် အကြောင်းကို ရှင်းမပြခဲ့ပေမယ့် ပြင်သစ် စစ်သားတွေနဲ့ အစောပိုင်း တွေ့ဆုံမှုမှာတော့ မျက်လုံးတစ်ဖက်မှာ ပြဿနာ နည်းနည်း ရှိနေတယ်လို့ ပြောပြခဲ့ပါတယ်။ ပြီးတော့ အဲဒီကိစ္စက ဆွစ်ဇာလန် ခရီးစဉ်ထိ မသက်သာသေးပုံ ပေါ်ပါတယ်။

စစ်သားတွေကို မိန့်ခွန်းပြောတုန်းကတော့ မာခရွန်က သူ့ရဲ့ ကျားမျက်လုံးကို ဖုံးကွယ်ဖို့ နေကာမျက်မှန် တပ်ထားရတာကို ခွင့်လွှတ်ပေးဖို့ အရွှန်းဖောက်ခဲ့ပါတယ်။ သူ့ရဲ့ မျက်လုံး ပြဿနာက နာကျင်မှုနဲ့ အမြင်အာရုံ ထိခိုက်မှုတွေ လုံးဝ မရှိသလို စိုးရိမ်စရာလည်း မဟုတ်ဘူးလို့ မာခရွန်က ပြောခဲ့ပါတယ်။

မာခရွန်ဟာ မျက်သားထဲက သွေးကြောငယ်တစ်ခု ပေါက်သွားတဲ့ အခြေအနေကို ကြုံနေရတာ ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါက အန္တရာယ် မရှိသလို အချိန်တစ်ခု အကြာမှာ သက်သာ ပျောက်ကင်းသွားတတ်ပါတယ်။ ဆေးပညာအရတော့ အဲဒီအတွက် နေကာမျက်မှန် တပ်စရာ မလိုပါဘူး။ ဒါပေမဲ့လည်း အများ အာရုံစိုက်မှုကို ရှောင်လွှဲဖို့အတွက်တော့ လက်တွေ့ ကြုံရသူတွေက နေကာမျက်မှန် တပ်လေ့ရှိကြောင်း သိရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပေါ်၌သာ ဆက်လက် သစ္စာစောင့်သိနေဆဲဖြစ်ကြောင်း CDMနိုင်ငံ့ဝန်ထမ်းများကောင်စီ ၈ခုက ပူးတွဲထုတ်ပြန်ခဲ့ပြီး သမ္မတ ဦးဝင်းမြင့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး နိုင်ငံတော်အကျိုး ဆက်လက်သယ်ပိုးနိုင်ပါစေဟု ဆုတောင်းမေတ္တာပို့သခဲ့ပါတယ်။

သတင်း

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က သမ္မတအားကြိုဆိုနှုတ်ခွန်းဆက် သဝဏ်လွှာပေးပို့ခဲ့ရာ သမ္မတ ဦးဝင်းမြင့်အနေနဲ့ ကျန်းမာစွာ မိသားစုနဲ့ ပြန်လည်ဆုံဆည်းရတာကို ပြည်သူတွေနဲ့အတူ များစွာ ဝမ်းမြောက်ရတယ်လို့ ဖော်ပြထားပါတယ်။

သတင်း

သမ္မတ ဦးဝင်းမြင့် တောင်ငူအကျဉ်းထောင်ကနေ နေအိမ်ကို ပြန်လည်ရောက်ရှိပြီလို့ စာရေးဆရာ ဦးထင်လင်းဦးက သူရဲ့ဖေ့ဘွတ်ခ်ကနေ အသိပေးပါတယ်။