Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း သမ္မတကို ချီးမြှင်ထားတဲ့ ဂုဏ်ပြုဆုကို ပိုလန် ပြန်ရုပ်သိမ်း

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပိုလန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ဓာတ်ပုံ - Getty Images

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပိုလန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။

ယူကရိန်း အစိုးရက စစ်တပ် ယူနစ်တစ်ခုကို အငြင်းပွားစရာ သမိုင်းနောက်ခံ ရှိနေတဲ့ နာမည်မျိုး မှည့်ခေါ်စေဖို့ ဆုံးဖြတ်ခဲ့တဲ့နောက် ပိုလန်ဖက်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန် သမ္မတ ကာရိုလ် နော်ရော့ကီက စစ်တပ် ယူနစ်တစ်ခုကို ယူကရိန်း သူပုန်တပ် (UPA)လို့ နာမည် မှည့်ခေါ်စေခဲ့တဲ့ ယူကရိန်းရဲ့ ဆုံးဖြတ်ချက်ကို ဆိုးရွားလွန်းပြီး အကြီးအကျယ် စိတ်ပျက်ရကြောင်း ဝေဖန် ပြောကြားခဲ့ပါတယ်။ ယူကရိန်းဟာ စစ်တပ်ရဲ့ တိုက်ခိုက်ရေး ယူနစ်တစ်ခုကို ပြီးခဲ့တဲ့လမှာ UPAလို့ နာမည် မှည့်ခေါ်မယ့်အကြောင်း ကြေညာခဲ့တာ ဖြစ်ပါတယ်။

UPAဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေကနေ ၁၉၅၀ ပြည့်လွန်နှစ်တွေအတွင်း တည်ရှိခဲ့ပြီး ဒုတိယ ကမ္ဘာစစ်မှာ နာဇီ ဂျာမနီတွေနဲ့ လက်ပါးစေ ပိုလန် အာဏာပိုင်တွေကို တိုက်ခိုက်ခဲ့ပါတယ်။ ဒါ့အပြင် ကိယက်ဗ် လွတ်မြောက်ရေး အတွက်လည်း ဆိုဗီယက်ကို ပုန်ကန်ခဲ့ပါတယ်။ ယူကရိန်း နိုင်ငံရဲ့ သမိုင်းမှာ UPAက သူရဲကောင်း တပ်ဖွဲ့တစ်ခုဖြစ်ပြီး ဒီနာမည်ကို မှည့်ခေါ်ပေးတာဟာ ဂုဏ်ပြုမှုတစ်ခု ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တခြားတစ်ဖက်မှာတော့ ပိုလန် အစိုးရက UPAဟာ မျက်မှောက်ခေတ် ယူကရိန်းပိုင် ဗိုးလ်မြို့ ဖြစ်လာမယ့် ဗိုလ်ဟိုင်နီယာမှာ ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန် အနွယ်ဝင်တွေကို လူမျိုးသုဉ်း သတ်ဖြတ်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ဒါကြောင့် UPAဟာ ပိုလန် သမိုင်းမှာတော့ ခါးသီးတဲ့ အတိတ်တစ်ခု ဖြစ်နေပါတယ်။ ယူကရိန်း အစိုးရက စစ်တပ် ယူနစ်တစ်ခုကို UPAလို့ နာမည်မှည့်လိုက်တဲ့အခါ မဟာမိတ် နှစ်နိုင်ငံကြား အငြင်းပွားမှုတွေ ပေါ်ပေါက်လာပြီး ဇွန်လ ၁၉ ရက်နေ့မှာတော့ ပိုလန်ဟာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ ဆုတံဆိပ်ကိုပါ ပြန်ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက ပိုလန်ရဲ့ လုပ်ရပ်ဟာ လေးစားမှု ကင်းမဲ့ရာ ကျနေသလို မဟာဗျူဟာ အမှားတစ်ခု ဖြစ်တယ်လို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နော်ရော့ကီက UPAဆိုတဲ့ နာမည်ဟာ ပိုလန် လူ့အဖွဲ့အစည်းမှာတော့ ဒုတိယ ကမ္ဘာစစ်အတွင်း ပိုလန် ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အစုအဖွဲ့ တစ်ခုအဖြစ် စွဲမြဲ အမှတ်ရနေကြောင်း ပြောပါတယ်။ သူက စစ်တပ်ရဲ့ ယူနစ်တစ်ခုကို UPA နာမည် မှည့်ခေါ်တာဟာ အဲဒီ အဖွဲ့အစည်းကို ဂုဏ်ပြုတဲ့ သဘောဖြစ်ကြောင်း၊ ယူကရိန်းရဲ့ ဆုံးဖြတ်ချက်ဟာ ပိုလန်ရဲ့ သမိုင်းကြောင်း အတွေ့အကြုံဆိုးတွေကို ပြန်နှိုးဆွပြီး နာကျင်စေရုံသာ မကဘဲ ယူကရိန်းနဲ့ ပိုလန်ကြား ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း တည်ဆောက်ထားတဲ့ ယုံကြည်မှုကိုပါ ထိခိုက်စေကြောင်း ပိုလန် သမ္မတက ဝေဖန်သွားပါတယ်။

သူက ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက် ပိုလန်ဟာ မိတ်ဆွေကောင်း ပီသစွာနဲ့ ယူကရိန်းကို ကူညီခဲ့ကြောင်း၊ ပိုလန် ပြည်သူတွေဟာ စစ်ရှောင်လာသူတွေ အပါအဝင် သန်းနဲ့ချီတဲ့ ယူကရိန်းတွေကို စိတ်ရောကိုယ်ပါ ပံ့ပိုးပေးခဲ့ကြကြောင်း ဆက်ပြောပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း UPAဟာ ပိုလန် အနွယ်ဝင် ၁ သိန်းလောက်ကို အစုလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ အဲဒီအဖွဲ့ အသုံးပြုခဲ့တဲ့ အနက်နဲ့ အနီရောင် အလံကို မျက်မှောက်ကာလ ယူကရိန်း ရှေ့တန်းတပ်ဖွဲ့ဝင်တွေ တော်တော်များများက အသုံးပြုနေပါတယ်။ ဒါကြောင့်လည်း ယူကရိန်း စစ်တပ်ရဲ့ အမျိုးသား သင်္ကေတ တစ်ခုလို ဖြစ်နေတဲ့ UPAရဲ့ နာမည်ကို တပ်ဖွဲ့ယူနစ် တစ်ခုမှာ ပြန်လည် အသက်သွင်းဖို့ ရည်ရွယ်ထားကြောင်း ဇီလန်စကီးက ပြီးခဲ့တဲ့လမှာ ကြေညာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကနဦး အစီအစဉ်ကို ပြန်ပြင်ပြီး အမေရိကန်ဟာ ပိုလန်ဆီ တပ်ဖွဲ့ဝင် အင်အား ၅၀၀၀ လောက် ဖြန့်ကျက် စေလွှတ်သွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံမှာ တပ်ဖွဲ့ဝင်အင်အား ၄၀၀၀ လောက် ဖြန့်ကျက်ထားမယ့် အစီအစဉ်ကို အမေရိကန်က ရုတ်တရက် ပယ်ဖျက်လိုက်ပါတယ်။