Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားလေးဦး သေဆုံးနိုင်

“အာဏာရှင်တော်လှန်ရေးအတွက် သေမင်းဆီမှာ အသက်ကို အပေါင်ထားပြီး တိုက်ပွဲဝင်နေကြတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေကို ပြည်သူ များအနေဖြင့် တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု DRF တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မဂ်လာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ လေတပ်ဌာနချုပ် ဝင်ထွက်ဂိတ်အား ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Dictator Revolt Front(DRF)က ယနေ့ (ဇန်နဝါရီ ၂၁) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လေတပ်ဂိတ်မှ အစောင့်စစ်သားလေးဦး သေဆုံးနိုင်ဖွယ်ရှိပြီး ဂိတ်တဲအဆောက်အအုံပြိုကျသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အာဏာရှင်တော်လှန်ရေးအတွက် သေမင်းဆီမှာ အသက်ကို အပေါင်ထားပြီး တိုက်ပွဲဝင်နေကြတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေကို ပြည်သူ များအနေဖြင့် တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု DRF တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၇ ရက်ကလည်း မဂ်လာဒုံမြို့နယ် အနမ်းပင်ရပ်ကွက် ခရေပင်ရိပ်မွန်လမ်းရှိ လေတပ်စခန်းအဝင်အထွက်ဂိတ်တစ်ခုအား မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစောင့်တပ်သားနှစ်ဦး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Trending

Facebook