Connect with us

Hi, what are you looking for?

News

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ဂိတ် တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်သားလေးဦး သေဆုံးနိုင်

“အာဏာရှင်တော်လှန်ရေးအတွက် သေမင်းဆီမှာ အသက်ကို အပေါင်ထားပြီး တိုက်ပွဲဝင်နေကြတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေကို ပြည်သူ များအနေဖြင့် တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု DRF တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

People's Spring
People's Spring

ရန်ကုန်မြို့ မဂ်လာဒုံမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ လေတပ်ဌာနချုပ် ဝင်ထွက်ဂိတ်အား ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ Dictator Revolt Front(DRF)က ယနေ့ (ဇန်နဝါရီ ၂၁) ထုတ်ပြန်သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် လေတပ်ဂိတ်မှ အစောင့်စစ်သားလေးဦး သေဆုံးနိုင်ဖွယ်ရှိပြီး ဂိတ်တဲအဆောက်အအုံပြိုကျသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အာဏာရှင်တော်လှန်ရေးအတွက် သေမင်းဆီမှာ အသက်ကို အပေါင်ထားပြီး တိုက်ပွဲဝင်နေကြတဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေကို ပြည်သူ များအနေဖြင့် တတ်နိုင်တဲ့ဘက်က ပူးပေါင်းပါဝင်ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်”ဟု DRF တပ်ဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက မှတ်ချက်ပေးသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၇ ရက်ကလည်း မဂ်လာဒုံမြို့နယ် အနမ်းပင်ရပ်ကွက် ခရေပင်ရိပ်မွန်လမ်းရှိ လေတပ်စခန်းအဝင်အထွက်ဂိတ်တစ်ခုအား မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစောင့်တပ်သားနှစ်ဦး သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။