Connect with us

Hi, what are you looking for?

News

ဖာပွန်မှာ ဖုန်းလိုင်း​တွေပြတ်​နေတာ တစ်ပတ်​လောက်ရှိ​နေပြီလို့ ​ဒေသခံ​တွေ​ပြော

“ဆီသွားထည့်လို့မရဘူးလေ တိုက်ပွဲတွေဖြစ်နေတော့။ မိန်းတိုင်က ဆီပြတ်သွားတာ။ နောက်ပြီးတော့ ဆိုလာစနစ်ပါရှိတယ်။ ဆိုလာစနစ်ပျက်တယ် သွားပြင်ပေါ့။ ပြင်တဲ့လူက သွားမရဲဘူးဖြစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖာပွန်မြို့နယ်ထဲမှာရှိတဲ့ ဖုန်းလိုင်း​တွေပြတ်တောက်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဖာပွန်မြို့အနီး မထောကျေးရွာမှာရှိတဲ့ ဖုန်းတာဝါတိုင်မှာ ဆီပြတ်တောက်​နေခဲ့ပြီး မထာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် ကုမ္ပဏီဝန်ထမ်းတွေ ဆီသွား
မဖြည့်ရဲကြဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဆီသွားထည့်လို့မရဘူးလေ တိုက်ပွဲတွေဖြစ်နေတော့။ မိန်းတိုင်က ဆီပြတ်သွားတာ။ နောက်ပြီးတော့ ဆိုလာစနစ်ပါရှိတယ်။ ဆိုလာစနစ်ပျက်တယ် သွားပြင်ပေါ့။ ပြင်တဲ့လူက သွားမရဲဘူးဖြစ်နေတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖုန်းတာဝါတိုင်အတွက် ဆီသွားမဖြည့်ပါက ဖုန်းလိုင်းပြတ်တောက်မှုက ကြာမြင့်နိုင်ပြီး နှစ်ဖက်တပ်တွေကို ကြိုတင်ညှိနှိုင်းပြီးမှ သွားလာလို့ရမှာဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါသေးတယ်။

Public Service Announcement

Public Service Announcement

ဖာပွန်မြို့နဲ့ အနီးအနားဝန်းကျင်တစ်၀ိုက်မှာ ဖုန်းအင်တာနက်လိုင်းတွေလည်းပြတ်တောက်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်ပြီး ဖာပွန်မြို့တွင်းမှာတော့ MEC ဖုန်းလိုင်းတစ်ခုတည်းသာ အသုံးပြုလို့ရတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

ဖာပွန်မှာ ဖုန်းလိုင်းတွေ ပြတ်တောက်သွားတဲ့အပြင် ဖာပွန်-ကတိုင်တိ-ကမမောင်းလမ်းပိုင်းလည်း လအတော်အကြာပိတ်ထားတာကြောင့် ဒေသခံပြည်သူလူထုတွေဟာ စားသုံးကုန်နဲ့ ကုန်ပစ္စည်းတွေကို စျေးအဆမတန်ဝယ်ယူသုံးစွဲနေရတာ ဖြစ်ပါတယ်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲ​တွေနေ့စဉ်နီးပါးဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုတိုက်ခိုက်မှုကြောင့် ဒေသခံအရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေဖြစ်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ဖာပွန်မြို့ဆီဦးတည်စစ်ကြောင်းထိုးနေတဲ့စစ်တပ်စစ်ကြောင်းဟာဖာပွန်ခရိုင်ထဲကဆင်စွယ်ရွာမှာရောက်ရှိနေပြီဆိုတဲ့ထုတ်ပြန်ချက်ဟာမြေပြင်အခြေအနေနဲ့ကွဲလွဲနေပြီး စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးသာ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော် ခရိုင်(ဖာပွန်ခရိုင်)ကို စစ်ကူပို့ဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ လက်နက် ၁၃လက် ရရှိခဲ့ကြောင်း KNU ဗဟိုက ဒီကနေ့ စက်တင်ဘာ ၃၀ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်မြို့က စစ်တပ်ရဲ့ ဗျူဟာစခန်းကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ကြောင်း လက်နက်ကြီးထုတ်လုပ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ Federal Revolution Force(FRF)က ဒီကနေ့ မှတ်တမ်းရုပ်သံနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

Facebook