Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ​ထောင်ထားတဲ့မိုင်းနင်းမိပြီး ကိုယ်ဝန်သည်​​ သေဆုံး

သေဆုံးသွားတဲ့အမျိုးသမီးဟာ ကိုယ်ဝန်ခြောက်လရှိပြီဖြစ်ပြီး အသက် ၆ နှစ်အရွယ်ရှိတဲ့ သူမရဲ့ကလေးဖြစ်သူကလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီ ထောင်ထားတဲ့မိုင်းကိုနင်းမိလို့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသေဆုံးခဲ့ပြီး ကလေးတစ်ဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီခွဲအချိန်က ကေအဲန်ယူ-ဘိတ်ထားဝယ်ခရိုင် ပုလောမြို့နယ် ပဝတ်ဖျားကျေးရွာက နေအိမ်တစ်အိမ်ရှေ့မှာ စစ်ကောင်စီ ထောင်ထားတဲ့မိုင်းကိုနင်းမိလို့ အသက်(၂၈)နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့တာပါ။

သေဆုံးသွားတဲ့အမျိုးသမီးဟာ ကိုယ်ဝန်ခြောက်လရှိပြီဖြစ်ပြီး အသက် ၆ နှစ်အရွယ်ရှိတဲ့ သူမရဲ့ကလေးဖြစ်သူကလည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။

You May Also Like

သတင်း

ကိုကောင်းဆက်ပိုင်အား စစ်ကောင်စီ ဖက်ဆစ်ခုံရုံးက မတရားစွဲဆိုထားသော ၅၀၅(က)၊ ၅၀(ည) ပုဒ်မတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းအမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း ဗကသများအဖွဲ့ချုပ်က ဆိုသည်။

သတင်း

စစ်ကောင်စီ၏ ထိုးစစ်ဆင်နေသည့်ကာလအတွင်း ကရင်နီဒေသသို့ မတ်လ ၁၅ရက်က ဒုတိယ စစ်ခေါင်းဆောင်စိုးဝင်း လာရောက်ခဲ့ပြီး " တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် စိတ်ဓာတ်၊ လှေခွက်ချည်းကျန် အလံမလှဲ စိတ်ဓာတ်တွေနဲ့ မဆုတ်မနစ် စစ်တိုက်ကြဖို့"ဟု မှာကြားမှုရှိသည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် လွန်ခဲ့သည့် နှစ်လခန့်ကလည်း မံဝိန်းကြီး၊ စီမူကြီး ၊ စီမူလေးဘက် စစ်ကြောင်းထိုး၍ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး ယခု ထပ်မံ၍ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီအာဏာသိမ်းပြီးချိန်မှ ယနေ့အထိ ကျေးရွာပေါင်း ၆၈ရွာမှ နေအိမ် ၄,၁၇၆လုံးအား မီးရှို့ဖျက်ဆီးခံထားရသည်။