Connect with us

Hi, what are you looking for?

LuduNwayOo

News

ကယန်းဒေသတွင် ကိုယ်ထူကိုယ်ထစာသင်ကျောင်း၌ကယန်းအလံလွှင့်ထူ

ကယန်းလူမျိုးများ အများစုနေထိုင်ရာမှာ ဒီးမော့ဆိုအနောက်ခြမ်းဒေသဖြစ်ကြောင်း၊ လက်ရှိတွင် ဒီးမော့ဆိုအပါအဝင် ကရင်နီဒေသခံအများအပြား စစ်ရှောင်နေရကြောင်း၊ ယခု စာသင်ကျောင်းသည် ဖရူဆိုမြို့နယ်အတွင်း၌ တည်ရှိသည့် စာသင်ကျောင်းတစ်ခုဟု ယူဆကြောင်း ကရင်နီဒေသခံတစ်ဦးကပြောသည်။

(ကယန်း​ဒေသ၌ ကယန်းအလံ လွှင့်ထူထား​သောစာသင်​ကျောင်း။ ဓါတ်ပုံ- PKPF)

အကြမ်းဖက်စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် ပညာရေးနှောင့်နှေးခဲ့ကြ၍ ကယန်းဒေသ တစ်နေရာတွင် ကိုယ်ထူကိုယ်ထ စာသင်ကျောင်းဖွင့် ပြီး ကယန်းအလံ စိုက်ထူခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု
(PKPF)က ယနေ့ဖော်ပြသည်။

အဆိုပါ ကိုယ်ထူကိုယ်ထ စာသင်ကျောင်း၌ ကလေးငယ်များသည် ကယန်းအလံတင်သီချင်းကို သီဆိုကာ ကယန်းအလံကို အလေးပြုခဲ့ကြသည်ဟု​ပါရှိသည်။

(ကယန်း​ဒေသ၌ ကယန်းအလံ လွှင့်ထူထား​သောစာသင်​ကျောင်း။ ဓါတ်ပုံ- PKPF)

အဆိုပါ စာသင်ကျောင်းသည် မည်သည့်မြို့နယ် မည်သည့် ဒေသ၌ တည်ရှိသည်ဆိုသည်ကိုမူ ဖော်ပြမထားပေ။

ကယန်းလူမျိုးများ အများစုနေထိုင်ရာမှာ ဒီးမော့ဆိုအနောက်ခြမ်းဒေသဖြစ်ကြောင်း၊ လက်ရှိတွင် ဒီးမော့ဆိုအပါအဝင် ကရင်နီဒေသခံအများအပြား စစ်ရှောင်နေရကြောင်း၊ ယခု စာသင်ကျောင်းသည် ဖရူဆိုမြို့နယ်အတွင်း၌ တည်ရှိသည့် စာသင်ကျောင်းတစ်ခုဟု ယူဆကြောင်း ကရင်နီဒေသခံတစ်ဦးကပြောသည်။

(ကယန်း​ဒေသ၌ ကယန်းအလံ လွှင့်ထူထား​သောစာသင်​ကျောင်း။ ဓါတ်ပုံ- PKPF)

“အဓိကတော့ စစ်မှန်တဲ့ဖက်ဒရယ်အရသွားမယ်ဆိုရင် ဒါက တစ်နိုင်ငံလုံးလွှမ်းခြုံတဲ့ ကိစ္စမျိုးဖြစ်ခဲ့ပြီး လက်ခံမယ်ဆိုရင် ပြည်ထောင်စုအလံဖြစ်ရင်ဖြစ်မှာပေါ့။ ဒါကအခု ကိုယ်ထူ
ကိုယ်ထလေ။ ဘယ်အစိုးရမှ ပံ့ပိုးတာမဟုတ်ဘူး ကိုယ့်တိုင်းရင်းသားတွေ စာပေသင်ကြားမှုလုပ်တာဖြစ်တဲ့အတွက် ကိုယ့်တိုင်းရင်းသားအလံလွှင့်မှာပဲ။ နောက်ပိုင်း အများလက်ခံတဲ့ ပြည်ထောင်စုအလံဆိုရင် လွှင့်ရင်လွှင့်မယ် အများလက်မခံရင်တော့ ကိုယ့်တိုင်းရင်းသားအလံလွှင့်မှာပဲ။ ကိုယ့်ရဲ့လွှတ်လပ်ခွင့်ကို ဖော်ဆောင်တဲ့ပုံစံဖော်တာပေါ့” ဟု အဆိုပါ​ဒေသခံကသူ၏အမြင်ကိုပြောသည်။

Public Service Announcement

Public Service Announcement

(ကယန်း​ဒေသ၌ ကယန်းအလံ လွှင့်ထူထား​သောစာသင်​ကျောင်း။ ဓါတ်ပုံ- PKPF)

လက်ရှိတွင် ကရင်နီဒေသရှိ တော်လှန်ရေးတပ်များ ပူးပေါင်းပြီး အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက် လျက်ရှိရာ တိုက်ပွဲများနေ့စဉ်လိုလိုဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြား လျက်ရှိသည်။ တိုက်ပွဲဖြစ်ပွားမှု၊ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ကရင်နီဒေသခံအများအပြား စစ်ဘေးရှောင်နေကြရသည်။