Connect with us

Hi, what are you looking for?

News

CDF (မတူပီ)မှတပ်ရင်းမှူးကျဆုံးခဲ့​သော ​ရေဇွာမြို့တိုက်ပွဲစစ်​ကောင်စီတပ် ၃ ဦး​သေ

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့ မွန်းလွဲ ၂နာရီမှစတင်ပြီး ရေဇွာမြို့ထဲကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်(ဇိုတုန်)က ယနေ့ (ဇန်နဝါရီ ၂၄ တွင်)ထုတ်ပြန်သည်။

ချင်းပြည်နယ်၊ရေဇွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒေသခံကာကွယ်ရေးတပ်များကြား ယမန့်နေ့က တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့က တပ်ရင်းမှူးတစ်ဦး ကျဆုံး ခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့ မွန်းလွဲ ၂နာရီမှစတင်ပြီး ရေဇွာမြို့ထဲကို အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ခဲ့ခြင်းကြောင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ချင်းပြည်ကာကွယ်ရေးတပ်(ဇိုတုန်)က ယနေ့ (ဇန်နဝါရီ ၂၄ တွင်)ထုတ်ပြန်သည်။

ဒေသခံကာကွယ်ရေးတပ်များက ခုခံတိုက်ခိုက်သော်လည်း အင်အားမမျှ၍ ဆုတ်ခွာခဲ့ရသည်ဟုဆိုသည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက် ၃ဦးသေဆုံးပြီး၊ ချင်းပြည်ကာကွယ်ရေးတပ်(မတူပီ) တပ်ရင်း(၂ ) မှတပ်ရင်းမှူး ဆလိုင်းဆန်ထာ ကျဆုံးခဲ့ရသည်ဟု ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။ ထိုပြင် CDF(မရာ) မှ တပ်သားတစ်ဦးလည်း ဒဏ်ရာရရှိခဲ့သည်ဟု CDF(ဇိုတုန်)က ထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် တိုက်ပွဲအတွင်း အပြန်အလှန်ပစ်ခတ်မူ ရပ်နားခဲ့သော်လည်း ၎င်းတို့ တပ်ဆွဲထားရာ ရေဇွာတပ်ကုန်းမှ ရေဇွာမြို့တွင်းလူနေရပ်ကွက်များနှင့် မြို့အနီးရှိ ရွာဗားကျေးရွာ၊ ဆော်တီးကျေးရွာ၊ ဟရင်ထန်ကျေးရွာများအတွင်းကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ထိုလုပ်ရပ်များသည် ပြည်သူများ စိတ်ဓာတ်ရေးရာခြောက်ခြားစေရန် အသက်အန္တရာယ်ခြိမ်းခြောက်ခြင်းဖြစ်သည်ဟုလည်းထုတ်ပြန်သည်။ ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များသည် ချင်းပြည်နယ်အတွင်း ကြည်း​ကြောင်း ၊​လေ​ကြောင်းတို့မှ အပြင်းအထန်စစ်​ကြောင်းထိုး​နေသည်။​ဒေသခံကာကွယ်​ရေးတပ်များကလည်း စု​ပေါင်း၍ခုခံတိုက်ခိုက်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။