Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၍ လေကြောင်းပစ်ကူသုံး

ဖက်စစ်ကောင်စီသည် ဇန်နဝါရီ ၂၃ ရက်ကစ၍ အင်အား ၇၀၀ ကျော်ပါရှိသောစစ် ကြောင်းနှစ်ကြောင်းဖြင့် ဒီးမော့ဆို မြို့နယ်ကို ထိုးစစ်ဆင်နေကြောင်းလည်း ဒီးမော့ဆို PDF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောကြားထားသည်။

ဖက်စစ်ကောင်စီသည် ဇန်နဝါရီ ၂၃ ရက်ကစ၍ အင်အား ၇၀၀ ကျော်ပါရှိသောစစ် ကြောင်းနှစ်ကြောင်းဖြင့် ဒီးမော့ဆို မြို့နယ်ကို ထိုးစစ်ဆင်နေကြောင်းလည်း ဒီးမော့ဆို PDF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောကြားထားသည်။

▪️ယမန်နေ့က တစ်နေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုကျဆုံးမှုများပြားဟု KNDFထုတ်ပြန်

ကရင်နီ(ကယားပြည်နယ်) ဒီးမော့ဆိုမြို့နယ် စံပြ(၆)မိုင်နှင့် (၅) မြောင်းစိုက်ကွင်းတို့တွင် ယမန်နေ့က တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့(ဇန်နဝါရီ ၂၅ ရက်)တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၄ ရက် နံနက် ၆နာရီခွဲကစ၍ စံပြ(၆) မိုင်မှ၊ ဟိုဖိတ်နှင့် (၅) မြောင်းအထိ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တို့မှ ခုခံတိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အထိနာသဖြင့် ညနေ ၅နာရီခန့်တွင် ၅မြောင်း၌ လေကြောင်းပစ်ကူ ရဟတ်ယာဥ်ဖြင့် သုံးကြိမ် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်မှုကျဆုံးမှုများပြားမှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။

လေကြောင်းတိုက်ခိုက်မှုကြောင့် KNDF ဘက်မှ ရဲဘော်တစ်ဦး ခြေထောက်တွင် မစိုးရိမ်ရသော ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအတွင်း ၎င်းတို့၏ သတင်း ပေးဒလံများ၊ ၎င်းတို့၏ နောက်မီးဆွဲ သူခိုးများ စုစုပေါင်းသုံးဦးကို သတ်ဖြတ်ကာ တော်လှန်ရေး တပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များမှ ပြည်သူများကို သတ်ဖြတ်သည်ဟု ဆိုရှယ်မီဒီရာပေါ်တွင် ဝါဒဖြန့်နေသည်ဟု KNDF က အသိပေးသည်။

Public Service Announcement

မြေပြင်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အရပ်သားပြည်သူများကို စစ်တပ်ယူနီဖောင်းများ ဝတ်ပေးခြင်းဖြင့် လမ်းပြအဖြစ်သော် လည်းကောင်း လူသားဒိုင်းအဖြစ်သော်လည်း ကောင်း အသုံးပြုလျက် ရှိပြီး၊ ပြည်သူ့အိုးအိမ်များကို မီးရှို့ဖျက်စီးခြင်း၊ ဖောက်ထွင်းခိုးယူခြင်း၊ ၄င်းတို့၏ လက်ပါးစေ သူခိုးအုပ်စု များအား အကာအကွယ်ပေးပြီး ပြည်သူများ၏ ပစ္စည်းဥစ္စာများကို ခိုးယူစေခြင်းများ ပြုလုပ်လျက် ရှိသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် စစ်ရာဇဝတ်မှုများကို ကျူးလွန်သည်သာမက ပြည်သူများ၏ အသိုက်အမြုံများကို ဖျက်စီးခြင်း၊ အသက်ရှင်ရပ်တည်ရေးအတွက် အဓိကလိုအပ်သော ရိက္ခာများကို ဖျက်စီးခြင်းသည် လူသားမျိုးနွယ်များအ‌ပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းကို ချိုးဖောက် ကျူးလွန်နေကြောင်းလည်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဇန်နဝါရီ ၂၃ ရက်ကစ၍ အင်အား ၇၀၀ ကျော်ပါရှိသောစစ် ကြောင်းနှစ်ကြောင်းဖြင့် ဒီးမော့ဆို မြို့နယ်ကို ထိုးစစ်ဆင်နေကြောင်းလည်း ဒီးမော့ဆို PDF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook