Connect with us

Hi, what are you looking for?

News

ချင်းပြည်နယ်နှင့် ပဲခူးတိုင်းမှ CDM ဝန်ထမ်း ၁၅ ဦးဖမ်းဆီးခံရ

“CDM ဝန်ထမ်းတွေကို စစ်ကောင်စီက တစ်ကျော့ပြန်ဖမ်းနေတယ်။လူထုကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီအောက်မှာ မလုပ်ချင်လို့ ထွက်တယ်။ ပေးမထွက်ဘူး။အခုလည်း ရှောင်တိမ်းနေရတယ်။ဒီတော်လှန်ရေးအမြန်အောင်မှပဲ အေးဆေးနေလို့ရမယ်”ဟု CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

(အာဏာသိမ်းစစ်​ကောင်စီ၏ လက်​အောက်တွင် တာဝန်မထမ်းဆောင်ဘဲ အာဏာဖီဆန်ရန် ဆန္ဒထုတ်​ဖော်ခဲ့ကြစဥ်)

အာဏာရှင်ဖီဆန်ရေး CDM လှုပ်ရှားမှုတွင် ပါဝင်နေသည့် ဝန်ထမ်းများကို အာဏာသိမ်းစစ်ကောင်စီက လိုက်လံဖမ်းဆီးနေပြီး ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်နှင့် ပဲခူးတိုင်းမှ ဝန်ထမ်း ၁၅ဦးဖမ်းဆီးခံရ​ကြောင်းဒေသခံများကပြောသည်။

စစ်ကောင်စီက ချင်းပြည်နယ်၊ ဖလမ်းမြို့မှ CDM ဝန်ထမ်းခုနှစ်ဦးကို ယမန်နေ့(ဇန်နဝါရီ ၂၅ ရက်) ညနေတွင်ဖမ်းဆီးခဲ့သည်။ ယမန်​နေ့ည ညနက်ပိုင်းတွင် ပဲခူးတိုင်း ပဲခူးမြို့နှင့် သနပ်ပင်မြို့မှ CDM ဝန်ထမ်း ရှစ်ဦးလည်း ဖမ်းဆီခံလိုက်ရသည်ဟု ပဲခူးမြို့ခံတစ်ဦးကပြောသည်။

“CDM ဝန်ထမ်းတွေကို စစ်ကောင်စီက တစ်ကျော့ပြန်ဖမ်းနေတယ်။လူထုကို သတ်ဖြတ်နေတဲ့ စစ်ကောင်စီအောက်မှာ မလုပ်ချင်လို့ ထွက်တယ်။ ပေးမထွက်ဘူး။အခုလည်း ရှောင်တိမ်းနေရတယ်။ဒီတော်လှန်ရေးအမြန်အောင်မှပဲ အေးဆေးနေလို့ရမယ်”ဟု CDM ဝန်ထမ်းတစ်ဦးက ပြောသည်။

ဖလမ်းမြို့တွင် CDM ပညာရေးဝန်ထမ်းတစ်ဦးအား ဖမ်းဆီးရန်လာသည့် စစ်ကောင်စီက ဝန်ထမ်းကိုမတွေ့၍ ဝန်ထမ်း
၏မိခင်ကို ဖမ်းဆီးသွားခဲ့သည်။ဖမ်းဆီးခံရသည့် ဝန်ထမ်းများမှာ ပညာရေးနှင့် ကျန်းမာရေးဌာနမှ ဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

Public Service Announcement

Public Service Announcement

CDMဝန်ထမ်းများကို စစ်ကောင်စီက ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ထားသည့်ကြားမှာ ယခုကဲ့သို့ လိုက်လံဖမ်းဆီးခံနေရသည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ထင်ရာစိုင်းနေသည့် စစ်ကောင်စီအား အရေးယူပေးရန် ယမန်နေ့(ဇန်နဝါရီ ၂၅ရက်)က ပြုလုပ်သောအမျိုးသားညီညွတ်ရေးအစိုးရ၏ အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလကနိုင်ငံတကာသို့ ထပ်မံတောင်းဆိုခဲ့သည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။