Connect with us

Hi, what are you looking for?

News

ထန်တလန်တိုက်ပွဲတွင်ကျဆုံးခဲ့​သောရဲ​ဘော်ဆလိုင်းခွာသင်ထန်းကို သူရဲ​ကောင်းအဖြစ်ဂုဏ်ပြုပြီးအခန်းအနားဖြင့်သဂြိုလ်

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီ၏ဖိနှိပ်မှုများ​ကြောင့် ၂၀၂၁ ဧပြီလမှစ၍​ဒေသခံတိုင်းရင်းသားပြည်သူများက လက်နက်ဆွဲကိုင်​ခုခံတိုက်ခိုက်ခဲ့ရာ ရှစ်လခန့်အတွင်း စစ်​ကောင်စီတပ် ၁၀၈၉ ဦး​သေဆုံးခဲ့သည်။

ထန်တလန်မြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့်ချင်း​​ဒေသ ကာကွယ်​ရေးတပ်ဖွဲ့များဖြစ်​သော CDF၊ CNAပူးပေါင်းတပ်ဖွဲ့ တို့ ယမန်နေ့တိုက်ပွဲတွင် ကျဆုံးခဲ့သည့် CDF-ထန်တလန် ရဲဘော်ဆလိုင်းခွာသင်ထန်းကို သူရဲကောင်းအဖြစ်မှတ်တမ်းတင်ပြီး အခမ်းအနားဖြင့်သဂြိုလ်ခဲ့သည်။

ချင်းပြည်နယ်၊ထန်တလန်မြို့တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ချင်းအမျိုးသားတပ်ဦး(CNA) နှင့် ချင်း​ဒေသကာကွယ်​ရေးအဖွဲ့ CDF-(ထန်တလန်) ပူးပေါင်းတပ်က ဇန်နဝါရီ ၂၇ရက် နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ရာ စဥ်စစ်ကောင်စီဘက်က ငါးဦးထက်မနည်းသေဆုံးခဲ့သည်။ CDF ထန်တလန် မှရဲဘော် ဆလိုင်းခွာသင်ထန်းသည် စစ်အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်း​ရေး ၊ ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ထူ​ထောင်​ရေးအတွက် ပြည်သူများက​ခုခံတော်လှန်တိုက်ခိုက်သောအဆိုပါတိုက်ပွဲတွင် ပြည်သူများနှင့်နိုင်ငံ​တော်အတွက် အသက်​ပေးလှူသွားသည်။

ရဲဘော် ဆလိုင်းခွာသင်ထန်းသည် အသက် ၂၅ နှစ်ဝန်းကျင်သာရှိသေးသည့် လူငယ်တစ်ဦးဖြစ်သည်။ ၎င်း၏ ဇာတိကျေးရွာတွင် အခမ်းအနားဖြင့် သဂြိုလ်ခဲ့ပြီးသူရဲကောင်းတစ်ဦးအဖြစ် မှတ်တမ်းတင်ထားမည်ဖြစ်​ကြောင်းCDF-ထန်တလန်မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ချင်းပြည်နယ် ထန်တလန်နှင့်မင်းတပ်မြို့တွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် အကြမ်းဖက်စစ်ကောင်စီကြားယနေ့ (ဇန်နဝါရီ ၂၈ရက်)လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေ​ကြောင်း ဒေသခံများကပြောသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်နယ်တွင် အာဏာသိမ်းစစ်​ကောင်စီ၏ဖိနှိပ်မှုများ​ကြောင့် ၂၀၂၁ ဧပြီလမှစ၍​ဒေသခံတိုင်းရင်းသားပြည်သူများက လက်နက်ဆွဲကိုင်​ခုခံတိုက်ခိုက်ခဲ့ရာ ရှစ်လခန့်အတွင်း စစ်​ကောင်စီတပ် ၁၀၈၉ ဦး​သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။