Connect with us

Hi, what are you looking for?

News

သပိတ်စစ်​ကြောင်းသို့သွား​သော YRF လူငယ်​လေးဦး ဖမ်းဆီးခံရ

ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ နှိပ်စက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာများစွားရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ပြည်သူများ၏ ပြောကြားချက်ကို ကိုးကား၍ YRF၏ ထုတ်ပြန်ချက်၌ ​ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ပြုလုပ်သည့် သပိတ်စစ်​ကြောင်းသို့ သွား​ရောက်​သော Yangon Revolution Force – YRF ၏ Soft Strike Communityမှ လူငယ်လေးဦးကို အကြမ်းဖက်စစ်​ကောင်စီအဖွဲ့က ဖမ်းဆီးသွား​ကြောင်း YRF က ထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၂၉ရက်) ညနေတွင်ပြုလုပ်မည့် “ တော်လှန်ပုန်ကန်မယ့် ရန်ကုန်” သပိတ်သို့အသွား အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးထိန်းသိမ်းခံရချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ၏ နှိပ်စက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာများစွားရရှိခဲ့သည်ဟု မျက်မြင်တွေ့ရှိသူ ပြည်သူများ၏ ပြောကြားချက်ကို ကိုးကား၍ YRF၏ ထုတ်ပြန်ချက်၌ ​ဖော်ပြထားသည်။

ဖမ်းဆီးထိန်းသိမ်းခံ ဒီမိုကရေစီလိုလားသူတက်ကြွလှုပ်ရှားသူ လူငယ်များသည် ဖမ်းဆီးထိန်း သိမ်းခံရချိန်တွင် ကျန်းမာကောင်းမွန်စွာရှိနေပြီး စစ်ကောင်စီ၏ လူမဆန်သည့် ညှဉ်းပန်းနှိပ်စက်မှုများနှင့် အသက်အန္တရာယ် ထိခိုက်မှုရှိမည်ကို မိသားစုဝင်များမှစိုးရိမ်နေကြသည်ဟု လည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။