Connect with us

Hi, what are you looking for?

LuduNwayOo

News

မြောင်တွင် မိုင်းဆွဲခံရပြီးဒဏ်ရာရခဲ့သည့် စစ်ကောင်စီတပ်သားများအနက် သုံးဦးထပ်မံသေဆုံးဟု ဗိုလ်မုန်တိုင်းပြော

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာ စောင့်ကြည့် တိုက်ခိုက်မှုများအနက် (ဇန်နဝါရီ ၂၈ ရက်)နေ့လယ်ပိုင်း တိုက်ခိုက်မှုမှာ အထိရောက်ဆုံးဖြစ်ခဲ့သည်ဟု MSPDF က ဝန်ခံသည်။

(မကွေးတိုင်းဒေသကြီး အနောက်မြောက်ပိုင်း မြိုင်မြို့တွင် ၂၀၂၁ မတ်လ၁၁ရက်က ဆန္ဒပြရန် လူစုရုံးနေစဉ် စစ်ကောင်စီလက်ပါးစေ ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖြိုခွင်းနေစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် မိုင်းဆွဲခံရပြီး အပြင်းအထန်ဒဏ်ရာရခဲ့သည့် အကြမ်းဖက် စစ်ကောင်စီတပ်သား ၂၀ ဦးအနက် သုံးဦးသည် ယနေ့(ဇန်နဝါရီ ၂၉ ရက်)တွင် သေဆုံးသွားကြောင်း Myaung Special People’s Defense Force – MSPDFမှ ဗိုလ်မုန်တိုင်းက People’s Springသို့ ပြောသည်။

ထို့ကြောင့် မြိုင်မြို့နယ်တွင် ဇန်နဝါရီ ၂၈ရက်က မိုင်းဆွဲတိုက် ခိုက်ခံရသော စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်းမှ သေဆုံးသူ ခြောက်ဦးရှိပြီ ဖြစ်သည်။

“နဘတ်ရွာသစ် မှာ ဆေးကုနေတဲ့စစ်ခွေး ၂၀ ထဲမှာ သုံးဦးသေသွားပြီးလို့ ရွာထဲစိတ်ချရတဲ့ သတင်းရင်းမြစ်ကနေ အတည်ပြုရတယ်။ နောက်ပြီး ဒီရွာထဲမှာ ဆေးရိက္ခာ မလုံလောက်လို့ ဒီနေ့တောင်သူတို့ ရွာပြင်ထွက်ဖို့ ဟန်ရေးတပြပြလုပ်နေတာ။ သူတို့ မထွက်ရဲဘူး။ကျွန်တော်တို့ ပတ်ပတ်လည် မိုင်းဆင်ထားပြီးပြီဆိုတာလည်း သူတို့သိတယ်”ဟု ဗိုလ်မုန်တိုင်းက ပြောသည်။

အဆိုပါ မိုင်းဆွဲခံရသည့်စစ်ကြောင်းကို တပ်ကူရန် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြင်ဆင်မှုများ ရှိနေကြောင်း လည်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းတွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်ကို တစ်လကျော်ကြာ စောင့်ကြည့် တိုက်ခိုက်မှုများအနက် (ဇန်နဝါရီ ၂၈ ရက်)နေ့လယ်ပိုင်း တိုက်ခိုက်မှုမှာ အထိရောက်ဆုံးဖြစ်ခဲ့သည်ဟု MSPDF က ဝန်ခံသည်။

ကျောက်ရစ်ရဲစခန်းမှ ထွက်လာသည့် အင်အား ၅၀ခန့်ပါစစ်ကောင်စီ၏ ခြေလျင်တပ်ကို နဘက်တာရွာအနီး ၌ မိုင်းသုံးလုံးဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မိုင်းသုံးလုံးအနက် တစ်လုံးသည် စစ်ကောင်စီတပ်ခြေလျင်စစ်ကြောင်း၏ အလယ်ဗဟိုတည့်တည့်၌ ပေါက်ကွဲခဲ့သဖြင့် စစ်ကောင်စီတပ်သားများ အထိနာခဲ့ရခြင်းဖြစ်သည်ဟု ဗိုလ်မုန်တိုင်းက ရှင်းပြသည်။

ထိုတိုက်ခိုက်မှုကို 27 Revolution Forces (မြင်းခြံ)၊ Myaung Special People’s Defense Force – MSPDF နှင့် Myaung Generation Guerilla Force(MGGF)ညီနောင်မဟာမိတ်(၃)ဖွဲ့မှ တိုက်ခိုက်ခဲ့သည်ဟုလည်း အသီးသီးထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။