Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရာတွင် လူငယ်၊ လူလတ်ပိုင်းများပါဝင်ကြရန် ကန်ပက်လက် CDF တိုက်တွန်း

(ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် တိုက်ပွဲဝင်နေကြသော CDF-Kanpetlet မှ တပ်ရင်းအလိုက် ပြည်သူ့ရဲဘော်များ၏ လှုပ်ရှားမှုပုံရိပ်များ၊ ဓာတ်ပုံ-CDF-Kanpetlet(K2))

ဖက်ဒရယ်ဒီမိုကရေစီရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးနှင့် တန်းတူညီမျှမှုရရှိရေးတို့အတွက် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်ချေမှုန်းပြီး အနာဂတ် ချင်းပြည်ထောင် တည်ဆောက်ရေးတွင် အတူလက်တွဲတိုက်ပွဲဝင်ကြရန် တိုက် တွန်းနှိုးဆော်ကြောင်း ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) က ယနေ့ ထုတ်ပြန်သည်။

အာဏာသိမ်းမှုနောက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်းလုံး၌ပြည်သူ့ဝန်ထမ်းများ၏ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)ပြုလုပ်ခြင်း လူထုတစ်ရပ်လုံး၏ လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ခြင်းမှစတင်ကာ ရရာလက်နက်စွဲကိုင်တော်လှန်ခြင်းများအထိ ဖြစ်ပွားနေကြောင်း ဖော်ပြထားသည်။

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီအနေဖြင့်လည်း ချင်းပြည်နယ်အပါအဝင် တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်ကာ စစ်ရေးတင်းမာမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။

ထို့ကြောင့် ချင်းပြည်နယ်ရှိ အသက် ၁၈နှစ်နှင့် အသက် ၄၀ကြား လူငယ်၊လူလတ်ပိုင်းများအနေဖြင့် အမိချင်းပြည်ကို စွန့်ခွာကာ ပြည်ပနိုင်ငံများသို့ ထွက်ခွာခြင်း၊တော်လှန်ရေးကိုမျက်ကွယ်ပြုခြင်းမလုပ်ကြရန် လေးနက်စွာတိုက်တွန်းသည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

(ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ထွန်းလာရေးအတွက် တိုက်ပွဲဝင်နေကြသော CDF-Kanpetlet မှ တပ်ရင်းအလိုက် ပြည်သူ့ရဲဘော်များ၏ လှုပ်ရှားမှုပုံရိပ်များ၊ ဓာတ်ပုံ-CDF-Kanpetlet(K2))

ဆက်စပ်သတင်းများ

အတွေးအမြင်

ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲ၊ လူငယ်တွေကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ။ ဘာလုပ်ဖို့ရည်ရွယ်ထားလဲ ဆိုတာမျိုး မေးတတ်ကြပါတယ်။ ဆရာဝန်ဖြစ်ချင်သလား။ အင်ဂျင်နီယာဖြစ်ချင်သလား။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်သလား။ နိုင်ငံခြားမှာ ပညာသင်ချင် သလား။ တစ်ခါတလေမှာတော့ လူငယ်တစ်ယောက်ကို အနာဂတ်မှာ ဘာဖြစ်ချင်လဲ လို့ မေးလိုက်တာဟာ လွယ်ပါတယ်။

သတင်း

မကွေးမြို့မှာလည်း အသက်(၁၉)နှစ်အရွယ် လူငယ် ၁ဦး ပျောက်ဆုံးသွားလို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းခံကာ ရှာဖွေနေရပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရန်ကုန်မှာအခုရက်ပိုင်းအတွင်းပေါ်တာဆွဲတာတွေပိုဆိုးလာတာကြောင့် လူငယ်တွေဟာ အလုပ်သွား၊အလုပ်ပြန်ဖို့ကို​တောင် စိုးရိမ်​နေကြရပါတယ် ။