Connect with us

Hi, what are you looking for?

News

တမူး-က​လေး လမ်းကိုပြည်သူများယ​နေ့ မဖြတ်သန်းရန်တမူးPDF သတိ​ပေး

တမူး-ကလေး အာရှလမ်းမကြီးလမ်းပိုင်း လတ်တလော အခြေအနေကို တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- People’s Defence Force (Tamu)တပ်ရင်း (၃)က ယနေ့ ( ဇန်နဝါရီ ၃၀)နေ့လယ် ၁၂နာရီခန့်တွင် အရေးပေါ် ထုတ်ပြန်ခြင်းဖြစ်သည်။

တမူး-ကလေး အာရှလမ်းမကြီးတစ်လျှောက် နေရာအနှံအပြားတွင် အကြမ်းဖက်စစ်ကောင်စီနှင့်တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ယင်းလမ်းပိုင်းအားယနေ့လုံးဝမဖြတ်သန်းရန် တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အရေးပေါ်
သတိပေးချက်ထုတ်ပြန်သည်။

တမူး-ကလေး အာရှလမ်းမကြီးလမ်းပိုင်း လတ်တလော အခြေအနေကို တမူးမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- People’s Defence Force (Tamu)တပ်ရင်း (၃)က ယနေ့ ( ဇန်နဝါရီ ၃၀)နေ့လယ် ၁၂နာရီခန့်တွင် အရေးပေါ် ထုတ်ပြန်ခြင်းဖြစ်သည်။

Public Service Announcement

“ယခုအချိန်အခါတွင် မိမိတို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့များအကြား တမူး-ကလေး အာရှလမ်းမကြီးတစ်လျှောက် နေရာအနှံအပြားတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပါသည်။

သို့ဖြစ်ပါ၍ မိဘပြည်သူလူထုများအနေဖြင့်လက်ရှိအရေးပေါ်ကာလအတွင်း အိမ်စီးကားများ၊ ခရီးသည်တင်ကားများ၊ ကုန်ကားများနှင့်အရေးပေါ်လူနာတင်ယာဉ်များစသည့် မည်သည့်ယာဉ်အမျိုးအစားမှ ဖြတ်သန်းသွားလာခြင်းလုံးဝ(လုံးဝ)မပြုလုပ်ကြပါရန် အထူးသတိပေး ကြေညာအပ်ပါသည်” ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

တမူးမြို့နယ်အတွင်း တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသခံတွေ လုံခြုံ‌ရေးသတိပြုဖို့နဲ့ လိုက်နာရမယ့်အချက်လေးချက်ကို တမူးမြို့နယ်အရေးပေါ်အုပ်ချုပ်ရေး(ဗဟို)အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။