Connect with us

Hi, what are you looking for?

LuduNwayOo

News

က​လေး-တမူးလမ်းတိုက်ပွဲစစ်​ကောင်စီတပ် အရာရှိတစ်ဦးအပါအဝင် သုံးဦး​သေ

တမူးမြို့မှ ကလေးမြို့သို့ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များတင်လာသည့် ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

(တမူး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- တမူးPDF)

●​အသံတိတ်သပိတ်နှင့်အတူ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်မည်ဟု သတိပေးခြင်းဟု တမူးPDF​ ပြော

စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် စစ်အာဏာရှင်အား ဆက်လက်ချေမှုန်းသွားမည်ကို သတိပေးသည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကလေး-တမူးမြို့ကြားရှိ အာရှလမ်းမကြီးတွင် ယနေ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PDF(တမူး)တပ်ရင်း-၃ က ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တမူးမြို့မှ ကလေးမြို့သို့ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များတင်လာသည့် ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၃၀) မနက် ၁၀နာရီခွဲခန့်တွင်မိုင်းခွဲခဲ့ပြီးနောက် တစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှာ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု PDF(တမူး)တပ်ရင်း-၃ က ထုတ်ပြန်ထားသည်။ ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိဟုလည်း​ဖော်ပြသည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး ဦးခေါင်းပွင့်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားများ သယ်ဆောင်လာသည့် လူနာတင်ယာဉ်များသည် ကလေးနှင့် တမူးမြို့များကို မောင်းထွက်သွားသည်PDF(တမူး)က​ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုနောက် ညနေ ၄နာရီခန့်တွင်လည်း တစ်နာရီခွဲကြာတိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု PDF(တမူး) တပ်ရင်း-၃ တာဝန်ရှိသူက ပြောသည်။

“၅:၃၀ လောက်ပြန်ဆုတ်လာခဲ့တယ်ခင်ဗျ။ လက်နက်ကြီးနဲ့ပဲထုပြီး(စစ်​ကောင်စီတပ်ရှိရာက​လေးမြို့တပ်ထဲမှ လက်နက်ကြီးဖြငိ့လှမ်းထုခြင်းဖြစ်) တက်မလာလို့” ဟု PDF(တမူး)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ညနေပိုင်းတိုက်ပွဲတွင်ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင် ၁ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကလေး-တမူးကြားရှိ အာရှလမ်းမကြီးတလျောက် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် အိမ်စီးကားများ၊ ခရီးသည်တင်ကားများ၊ ကုန်ကားများနှင့် အရေးပေါ်လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF(တမူး)က သတိပေးထားသည်။

အထက်ပါတိုက်ခိုက်မူများသည် မကြာမီကျရောက်မည့် စစ်အာဏာရှင်အား လက်မခံကြောင်း တစ်ပြည်လုံးပါဝင်မည့် အသံတိတ်သပိတ်နှင့်အတူ မိမိတို့တပ်ရင်း(၃)အဖွဲ့မှလည်း စစ်အာဏာရှင်အား ဆက်လက်ချေမှုန်းသွားမည်ကို သတိပေးခြင်းဖြစ်သည်ဟု PDF(တမူး)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ကျားဖြန့်လုပ်ငန်းများ၌ စစ်ကောင်စီထိပ်ပိုင်းခေါင်းဆောင်များပါဝင်ပတ်သက်နေကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။