Connect with us

Hi, what are you looking for?

News

က​လေး-တမူးလမ်းတိုက်ပွဲစစ်​ကောင်စီတပ် အရာရှိတစ်ဦးအပါအဝင် သုံးဦး​သေ

တမူးမြို့မှ ကလေးမြို့သို့ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များတင်လာသည့် ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

(တမူး PDF တပ်ဖွဲ့ဝင်များ ။ ဓါတ်ပုံ- တမူးPDF)

●​အသံတိတ်သပိတ်နှင့်အတူ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်မည်ဟု သတိပေးခြင်းဟု တမူးPDF​ ပြော

စစ်အာဏာသိမ်းနှစ်ပတ်လည်နေ့တွင် စစ်အာဏာရှင်အား ဆက်လက်ချေမှုန်းသွားမည်ကို သတိပေးသည့်အနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ကလေး-တမူးမြို့ကြားရှိ အာရှလမ်းမကြီးတွင် ယနေ့ နှစ်ကြိမ်တိုက်ခိုက်ခဲ့ကြောင်း PDF(တမူး)တပ်ရင်း-၃ က ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တမူးမြို့မှ ကလေးမြို့သို့ထွက်ခွာလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များတင်လာသည့် ကားနှစ်စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၃၀) မနက် ၁၀နာရီခွဲခန့်တွင်မိုင်းခွဲခဲ့ပြီးနောက် တစ်နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှာ အရာရှိ ၁ ဦးအပါအဝင် ၃ ဦး သေဆုံးခဲ့သည်ဟု PDF(တမူး)တပ်ရင်း-၃ က ထုတ်ပြန်ထားသည်။ ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိဟုလည်း​ဖော်ပြသည်။တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အရာရှိတစ်ဦး ဦးခေါင်းပွင့်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားများ သယ်ဆောင်လာသည့် လူနာတင်ယာဉ်များသည် ကလေးနှင့် တမူးမြို့များကို မောင်းထွက်သွားသည်PDF(တမူး)က​ ပြောသည်။

Public Service Announcement

Public Service Announcement

ထိုနောက် ညနေ ၄နာရီခန့်တွင်လည်း တစ်နာရီခွဲကြာတိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟု PDF(တမူး) တပ်ရင်း-၃ တာဝန်ရှိသူက ပြောသည်။

“၅:၃၀ လောက်ပြန်ဆုတ်လာခဲ့တယ်ခင်ဗျ။ လက်နက်ကြီးနဲ့ပဲထုပြီး(စစ်​ကောင်စီတပ်ရှိရာက​လေးမြို့တပ်ထဲမှ လက်နက်ကြီးဖြငိ့လှမ်းထုခြင်းဖြစ်) တက်မလာလို့” ဟု PDF(တမူး)ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ညနေပိုင်းတိုက်ပွဲတွင်ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၃)မှ တပ်ဖွဲ့ဝင် ၁ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ကလေး-တမူးကြားရှိ အာရှလမ်းမကြီးတလျောက် တိုက်ပွဲများပြင်းထန်နေခြင်းကြောင့် အိမ်စီးကားများ၊ ခရီးသည်တင်ကားများ၊ ကုန်ကားများနှင့် အရေးပေါ်လူနာတင်ယာဉ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် PDF(တမူး)က သတိပေးထားသည်။

အထက်ပါတိုက်ခိုက်မူများသည် မကြာမီကျရောက်မည့် စစ်အာဏာရှင်အား လက်မခံကြောင်း တစ်ပြည်လုံးပါဝင်မည့် အသံတိတ်သပိတ်နှင့်အတူ မိမိတို့တပ်ရင်း(၃)အဖွဲ့မှလည်း စစ်အာဏာရှင်အား ဆက်လက်ချေမှုန်းသွားမည်ကို သတိပေးခြင်းဖြစ်သည်ဟု PDF(တမူး)ကထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။