Connect with us

Hi, what are you looking for?

LuduNwayOo

News

Non CDMဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီနှင့် တစ်တန်းတည်းသတ်မှတ်လိုက်ပြီဟု ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကြေညာ

ကောလင်းမြို့အခြေစိုက် Secret Warrior Kawlin ၏ ယင်းထုတ်ပြန်ချက်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များက ထပ်ဆင့်ထုတ်ပြန် သတိပေးခြင်းဖြစ်သည်။

(စစ်တပ်အာဏာသိမ်းမှုကြောင့် ကောလင်းမြို့နယ်ရှိ ဆရာ၊ဆရာများက ၂၀၂၁မတ်လ ၅ရက်တွင် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းတွင် ဆူးညှောင့်ခလုတ်ဖြစ်နေသည့် Non CDM ဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် တစ်တန်းတည်းသတ်မှတ်လိုက်ပြီဟု ကောလင်းမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်သည်။

ကောလင်းမြို့အခြေစိုက် Secret Warrior Kawlin ၏ ယင်းထုတ်ပြန်ချက်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များက ထပ်ဆင့်ထုတ်ပြန် သတိပေးခြင်းဖြစ်သည်။

“ကောလင်းမြို့အတွင်းမှ Non CDM များခင်ဗျာ။ ခင်ဗျားတို့ကို သတိပေးခဲ့တဲ့အချိန် လွန်ခဲ့ပါပြီ။ စာနဲ့သတိပေးခဲ့ပေမယ့် ခင်ဗျားတို့ဟာဂရုမစိုက်ပဲ မထီမဲ့မြင်ပြုကာ ဖက်ဒရယ်ဒီမိုကရေစီလမ်းရဲ့ဆူးညှောင့်ခလုတ်အဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်”ဟု ထုတ်ပြန်ထားပြီး တစ်ဆက်တည်းတွင် ကောလင်းမြို့မှ Non Cdm ဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီနှင့်တန်းတူ သတ်မှတ်လိုက်ပြီဟု သတိပေး ထားသည်။

ဇန်နဝါရီ ၃၀ ရက်က ယင်းထုတ်ပြန်ချက်တွင် Non CDM ဝန်ထမ်းများအား မည်ကဲ့သို့ အရေးယူမည်ကို အသေးစိတ်ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

“လူငယ်တွေက အသက်နဲ့ရင်းပြီး စစ်အာဏာရှင်ကို တော်လှန်နေတယ်။ ဝန်ထမ်းတွေအထူးသဖြင့် လူကြီးပိုင်းတွေ၊ လူလတ်ပိုင်းဝန်ထမ်းတွေက စစ်ကောင်စီကို ဆက်မနေတယ်။ပြည်သူ့တော်လှန်ရေးအမြန်အောင်ဖို့ Non CDMတွေကို အရေးတယူကိုင်တွယ်မှ ရမယ်လို့ ကျွန်တော်တို့ လက်ခံတယ်”ဟု ကောလင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်တော်လှန်ရေးတွင်တစ်တိုင်းလုံးအတိုင်းအတာဖြင့် လက်တွဲညီနေပြီး စစ်ကောင်စီ အထိနာနေသည့်တိုင်းဖြစ်သည်။ ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်များက Non CDM ဝန်ထမ်းများကို အထက်ပါအတိုင်းသတိပေးနေသလိုချောင်းဦးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များကလည်း ပျူစောထီးများကို သတိပေးထားသည်။

ချောင်းဦးမြို့နယ်တွင် ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ပျူစောထီးများကိုအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်များအဖြစ်သက်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။ မိဘပြည်သူများအနေဖြင့် ပျူစောထီးအကြမ်းဖက်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြပါရန်လည်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။