Connect with us

Hi, what are you looking for?

News

Non CDMဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီနှင့် တစ်တန်းတည်းသတ်မှတ်လိုက်ပြီဟု ကောလင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ ကြေညာ

ကောလင်းမြို့အခြေစိုက် Secret Warrior Kawlin ၏ ယင်းထုတ်ပြန်ချက်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များက ထပ်ဆင့်ထုတ်ပြန် သတိပေးခြင်းဖြစ်သည်။

(စစ်တပ်အာဏာသိမ်းမှုကြောင့် ကောလင်းမြို့နယ်ရှိ ဆရာ၊ဆရာများက ၂၀၂၁မတ်လ ၅ရက်တွင် ချီတက်ဆန္ဒပြနေစဥ်၊ ဓာတ်ပုံ - CJ)

အကြိမ်ကြိမ်သတိပေးခဲ့သော်လည်း လိုက်နာမှုမရှိဘဲ ဖက်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းတွင် ဆူးညှောင့်ခလုတ်ဖြစ်နေသည့် Non CDM ဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီအဖွဲ့နှင့် တစ်တန်းတည်းသတ်မှတ်လိုက်ပြီဟု ကောလင်းမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ကြေညာချက်ထုတ်ပြန်သည်။

ကောလင်းမြို့အခြေစိုက် Secret Warrior Kawlin ၏ ယင်းထုတ်ပြန်ချက်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့များက ထပ်ဆင့်ထုတ်ပြန် သတိပေးခြင်းဖြစ်သည်။

“ကောလင်းမြို့အတွင်းမှ Non CDM များခင်ဗျာ။ ခင်ဗျားတို့ကို သတိပေးခဲ့တဲ့အချိန် လွန်ခဲ့ပါပြီ။ စာနဲ့သတိပေးခဲ့ပေမယ့် ခင်ဗျားတို့ဟာဂရုမစိုက်ပဲ မထီမဲ့မြင်ပြုကာ ဖက်ဒရယ်ဒီမိုကရေစီလမ်းရဲ့ဆူးညှောင့်ခလုတ်အဖြစ် ဆက်လက်ရှိနေခဲ့ပါတယ်”ဟု ထုတ်ပြန်ထားပြီး တစ်ဆက်တည်းတွင် ကောလင်းမြို့မှ Non Cdm ဝန်ထမ်းများကို အကြမ်းဖက်စစ်ကောင်စီနှင့်တန်းတူ သတ်မှတ်လိုက်ပြီဟု သတိပေး ထားသည်။

ဇန်နဝါရီ ၃၀ ရက်က ယင်းထုတ်ပြန်ချက်တွင် Non CDM ဝန်ထမ်းများအား မည်ကဲ့သို့ အရေးယူမည်ကို အသေးစိတ်ဖော်ပြမထားပေ။

Public Service Announcement

Public Service Announcement

“လူငယ်တွေက အသက်နဲ့ရင်းပြီး စစ်အာဏာရှင်ကို တော်လှန်နေတယ်။ ဝန်ထမ်းတွေအထူးသဖြင့် လူကြီးပိုင်းတွေ၊ လူလတ်ပိုင်းဝန်ထမ်းတွေက စစ်ကောင်စီကို ဆက်မနေတယ်။ပြည်သူ့တော်လှန်ရေးအမြန်အောင်ဖို့ Non CDMတွေကို အရေးတယူကိုင်တွယ်မှ ရမယ်လို့ ကျွန်တော်တို့ လက်ခံတယ်”ဟု ကောလင်းမြို့ခံတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်းသည် စစ်အာဏာရှင်တော်လှန်ရေးတွင်တစ်တိုင်းလုံးအတိုင်းအတာဖြင့် လက်တွဲညီနေပြီး စစ်ကောင်စီ အထိနာနေသည့်တိုင်းဖြစ်သည်။ ကောလင်းမြို့ ပြည်သူ့ကာကွယ်ရေးတပ်များက Non CDM ဝန်ထမ်းများကို အထက်ပါအတိုင်းသတိပေးနေသလိုချောင်းဦးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်များကလည်း ပျူစောထီးများကို သတိပေးထားသည်။

ချောင်းဦးမြို့နယ်တွင် ပြည်သူ့စစ်အမည်ခံ လက်နက်ကိုင်ပျူစောထီးများကိုအကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကိုင်အကြမ်းဖက်များအဖြစ်သက်မှတ်ကာ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားသည်။ မိဘပြည်သူများအနေဖြင့် ပျူစောထီးအကြမ်းဖက်များနှင့် အနီးကပ်နေထိုင်ခြင်းမပြုကြပါရန်လည်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။