Connect with us

Hi, what are you looking for?

News

ကျိုက်ထို အခွန်နှင့် စည်ပင်ဌာန ​ဖောက်ခွဲတိုက်ခိုက်ခံရ

ယနေ့(ဇန်နဝါရီ ၃၁ ရက်)နံနက် ၉ နာရီ ၄၀ခန့်က ကျိုက်ထိုမြို့နယ် အခွန်ဦးစီးဌာနကို ကနဦး ဖောက်ခွဲခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် စည်ပင်ဌာနကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှုပြုလုပ်ခဲ့သည်ဟု KRFက ဆိုသည်။

People's Spring
People's Spring

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အခွန်ဌာနနှင့် စည်ပင် ဌာနတို့အား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၃၁ ရက်)နံနက် ၉ နာရီ ၄၀ခန့်က ကျိုက်ထိုမြို့နယ် အခွန်ဦးစီးဌာနကို ကနဦး ဖောက်ခွဲခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် စည်ပင်ဌာနကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှုပြုလုပ်ခဲ့သည်ဟု KRFက ဆိုသည်။

“အခု ဒီနေ့ အခွန်ဌာနနဲ့ အခွန်ဦးစီးမှူးတို့ကအခွန်များကို အတင်းအဓ္ဓမ ခြမ်းခြောက်ကောက်ခံနေတယ်ဆိုတာကိုသိရလို့ ဖောက်ခွဲသတိပေးခဲ့ပါတယ်။ Silent Strike မှာ မပါဝင်ဖို့ ဖိအားပေးဆိုင်ဖွင့်ခိုင်းတယ်လို့သိရသလို စျေးသည်တွေအပေါ်လည်း စည်ပင်ခွန် မတရားကောက်ခံနေတယ်လို့သိရတဲ့အတွက် ဖောက်ခွဲခဲ့တာဖြစ်ပါတယ်”ဟု KRF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

၎င်းက ဆက်လက်၍”ဝန်ထမ်းတွေမထိအောင် အတတ်နိုင်ဆုံး လျှော့ပေါ့ တိုက်ခိုက်ခဲ့ပါတယ်။ ဆက်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ထိရောက်စွာတိုက်ခိုက်သွားမှာပါ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီ ၁ရက်တွင် ကျိုက်ထိုမြို့ ၌ တပ်ထောက်ခံပွဲ ပြုလုပ်မည်ဟု စုံစမ်းသိရှိရပြီး ယင်းတပ်ထောက်ခံပွဲသို့ ပြည်သူများအနေဖြင့် သွားရောက်ခြင်း မပြုရန် သတိပေးသည်။

အဆိုပါပွဲတွင် ထိခိုက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက KRF မှ တာဝန်ယူမည် မဟုတ်ကြောင်း လည်းအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူတစ်ဦးကို ပြည်ပကနေ ၁နှစ် ဖုန်း ၂လုံးသာ ဝယ်ခွင့်ပေးမယ့် ကန့်သတ်ချက်ကို အာဏာသိမ်းစစ်ကောင်စီက ကြေညာလိုက်ပြန်ပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးကုန်းကျေးရွာကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့လို့ သက်ကြီးအဘိုးအို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ဆင်တွင်းကျေးရွာကို စစ်တပ်က လက်နက်ကြီး ပစ်ခတ်လို့ အမျိုးသမီး ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် နည်းပညာ လုပ်ငန်းစုတွေအပေါ် အခွန်ကောက်ယူမှု စည်းမျဉ်းသစ် သတ်မှတ်မယ့် ဘယ်ဥရောပ နိုင်ငံကိုမဆို သွင်းကုန်အခွန်အခ ၁၀၀ ရာခိုင်နှုန်း သတ်မှတ် ကောက်ယူသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။