Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျိုက်ထို အခွန်နှင့် စည်ပင်ဌာန ​ဖောက်ခွဲတိုက်ခိုက်ခံရ

ယနေ့(ဇန်နဝါရီ ၃၁ ရက်)နံနက် ၉ နာရီ ၄၀ခန့်က ကျိုက်ထိုမြို့နယ် အခွန်ဦးစီးဌာနကို ကနဦး ဖောက်ခွဲခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် စည်ပင်ဌာနကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှုပြုလုပ်ခဲ့သည်ဟု KRFက ဆိုသည်။

People's Spring
People's Spring

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ အခွန်ဌာနနှင့် စည်ပင် ဌာနတို့အား ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၃၁ ရက်)နံနက် ၉ နာရီ ၄၀ခန့်က ကျိုက်ထိုမြို့နယ် အခွန်ဦးစီးဌာနကို ကနဦး ဖောက်ခွဲခဲ့ပြီး နံနက် ၁၀ နာရီခွဲခန့်တွင် စည်ပင်ဌာနကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှုပြုလုပ်ခဲ့သည်ဟု KRFက ဆိုသည်။

“အခု ဒီနေ့ အခွန်ဌာနနဲ့ အခွန်ဦးစီးမှူးတို့ကအခွန်များကို အတင်းအဓ္ဓမ ခြမ်းခြောက်ကောက်ခံနေတယ်ဆိုတာကိုသိရလို့ ဖောက်ခွဲသတိပေးခဲ့ပါတယ်။ Silent Strike မှာ မပါဝင်ဖို့ ဖိအားပေးဆိုင်ဖွင့်ခိုင်းတယ်လို့သိရသလို စျေးသည်တွေအပေါ်လည်း စည်ပင်ခွန် မတရားကောက်ခံနေတယ်လို့သိရတဲ့အတွက် ဖောက်ခွဲခဲ့တာဖြစ်ပါတယ်”ဟု KRF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

၎င်းက ဆက်လက်၍”ဝန်ထမ်းတွေမထိအောင် အတတ်နိုင်ဆုံး လျှော့ပေါ့ တိုက်ခိုက်ခဲ့ပါတယ်။ ဆက်လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ထိရောက်စွာတိုက်ခိုက်သွားမှာပါ”ဟု ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီ ၁ရက်တွင် ကျိုက်ထိုမြို့ ၌ တပ်ထောက်ခံပွဲ ပြုလုပ်မည်ဟု စုံစမ်းသိရှိရပြီး ယင်းတပ်ထောက်ခံပွဲသို့ ပြည်သူများအနေဖြင့် သွားရောက်ခြင်း မပြုရန် သတိပေးသည်။

အဆိုပါပွဲတွင် ထိခိုက်မှုတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့ပါက KRF မှ တာဝန်ယူမည် မဟုတ်ကြောင်း လည်းအသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ လူထုကြား ​သောကများ​နေကြသည့် စစ်မှုထမ်းကိစ္စကို အထူးအ​လေး​ပေးပြုလုပ်​နေကြသည့် စစ်ကောင်စီအလိုတော်ရိ ဝန်ထမ်းများ၊ ​ထွေအုပ်၊ ရပ်ကွက်အုပ်ကြီးများနှင့် လက်​​ဝေခံ ထောက်တိုင်များလည်း သတိထား​နေကြရန် ရန်ကုန်ပကဖက ပြင်းထန်စွာ သတိ​ပေးသည်။

သတင်း

အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ မှန်ကန်ပြီး လူထိခိုက်မှုမရှိကြောင်း လှိုင်သာယာကင်းထောက်ချန်နယ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ယင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဝေဘာဂီရပ်ကွက်၊ ၆ ကွေ့နှင့် အောင်မင်္ဂလာကားဝင်းအနီးတို့တွင် စစ်ကားများဖြင့် ပိတ်ဆို့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံပြည်သူအချို့က ပြောသည်။

သတင်း

အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။