Connect with us

Hi, what are you looking for?

News

မြစ်ကြီးနား ရဲတပ်ရင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် ရဲများကပစ်ခတ်၍ ကလေးငယ်တစ်ဦးသေဆုံး

ကျည်ဆန်မှာ ရဲတပ်ရင်းအနီးရှိ နေအိမ်နံရံကို ဖောက်ပြီး ကလေးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ရဲတပ်ရင်းစခန်းတွင် ယနေ့နံနက်က ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ရဲတပ်ရင်းရှိ စစ်ကောင်စီလက်ပါးစေများက ရမ်းသမ်းပစ်ခတ်ရာ နေအိမ်ထဲ၌ ရှိနေသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

ကျည်ဆန်မှာ ရဲတပ်ရင်းအနီးရှိ နေအိမ်နံရံကို ဖောက်ပြီး ကလေးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။

“အလောင်းတော့ ပြန်မပေးသေးဘူးလို့ပြောတယ်။ အစက အဲဒီမှာ ပေါက်ကွဲတော့ ရမ်းပစ်တယ်လို့ပြောတယ်။ သူတို့ အဲဒီမှာ ရဲတပ်ရင်း(၃၀) ရှိတယ်။ အဲဒီမှာ ပေါက်ကွဲတော့ ရမ်းပစ်တာ။” ဟု မြစ်ကြီးနားမြို့ခံတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့မှာ ဒီကနေ့စက်တင်ဘာ ၂ရက် မနက်ပိုင်းက ကျယ်လောင်တဲ့ပေါက်ကွဲသံထွက်ပေါ်လာလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။