Connect with us

Hi, what are you looking for?

LuduNwayOo

News

တနင်္သာရီမြို့မှ CDM စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦး ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံရ

ဦးအောင်သက်ဦးကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ၁ရက်)တွင် ထောင်ဒဏ်အမိန့် ချမှတ်လိုက် ခြင်းဖြစ်ကြောင်း တနသ်ာရီမြို့မှ ဒီချုပ်ပါတီရွေးကောက်ခံကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့သည့် တနသ်ာရီမြို့မှ စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် မတရားဖမ်းဆီးအရေးယူကာ ထောင်ဒဏ်နှစ်၂၀ ချမှတ်လိုက်သည်။

ဦးအောင်သက်ဦးကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ၁ရက်)တွင် ထောင်ဒဏ်အမိန့် ချမှတ်လိုက် ခြင်းဖြစ်ကြောင်း တနသ်ာရီမြို့မှ ဒီချုပ်ပါတီရွေးကောက်ခံကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

” ခင်ဗျား တာဝန်ကျေပါတယ်။ပြည်သူတစ်ယောက် အနေနဲ့၊ပြည်သူ့ဝန်ထမ်းတစ်ယောက် အနေနဲ့ အခုချိန်မှာ ခင်ဗျား နဲ့ မိသားစုတွေ ရင်ဆိုင်နိုင်ဖို့ ခက်ခဲမှာမှန်ပေမယ့် ခင်ဗျားရဲ့ သားသမီးရှေ့၊ပတ်ဝန်းကျင်အလယ်မှာ လိပ်ပြာလုံတဲ့သူတစ်ယောက်အဖြစ် လက်မထောင်ပြီးနေဖို့ လိပ်ပြာသန့်မယ်ဆိုတာ ယုံကြည်တယ်” ဟု ဦးအောင်ကျော်ဟိန်းက ရေးသားထားသည်။

ဦးအောင်သက်ဦးသည် အသက် (၄၅)နှစ်ခန့်ရှိပြီး ရိုးသားစွာနေထိုင်သူဖြစ်၍ တနသ်ာရီမြို့ခံများက ချစ်ခင်ကြသည့် ဝန်ထမ်းတစ်ဦးဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အစောဆုံး CDM လုပ်ခဲ့သည့် ဝန်ထမ်းများထဲမှ တစ်ဦးဖြစ်သည်ဟု မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုအတွင်း ခမရ (၅၆၁) တပ်ရင်းမှ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပြီး အသေးစိပ်အခြေအနေကိုအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းဆဲဖြစ် ကြောင်း ပူးပေါင်းစစ်ကြောင်းက အသိပေးသည်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

အဆိုပါစစ်ဆင်ရေးကို Chauk Guerrilla Force(CGF)နှင့် ချောက်ပကဖ၊ မကွေးခရိုင်အမှတ်၂တပ်ရင်း၊ Burma Revolution Rangers အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

တနင်္သာရီမြို့နယ်အခြေစိုက် ‌‌‌ခြေမြန်တပ်ရင်း (ခမရ-၅၆၁)မှ သိန္ဓောစခန်းသို့ ရိက္ခာပို့ရန်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကို နိုဝင်ဘာ ၄ ရက် ညနေ ၃နာရီခွဲတွင် ဘန်ကျုတ်ကျေးရွာအနီး၌ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း တပ်ရင်း(၂)က ပြောသည်။