Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့မှ CDM စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦး ထောင်ဒဏ်နှစ်၂၀ ချမှတ်ခံရ

ဦးအောင်သက်ဦးကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ၁ရက်)တွင် ထောင်ဒဏ်အမိန့် ချမှတ်လိုက် ခြင်းဖြစ်ကြောင်း တနသ်ာရီမြို့မှ ဒီချုပ်ပါတီရွေးကောက်ခံကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်အာဏာရှင်ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့သည့် တနသ်ာရီမြို့မှ စည်ပင်အင်ဂျင်နီယာ ဦးအောင်သက်ဦးကို စစ်ကောင်စီက အကြမ်းဖက်ဥပဒေဖြင့် မတရားဖမ်းဆီးအရေးယူကာ ထောင်ဒဏ်နှစ်၂၀ ချမှတ်လိုက်သည်။

ဦးအောင်သက်ဦးကို စစ်ကောင်စီက ယနေ့(ဖေဖော်ဝါရီ၁ရက်)တွင် ထောင်ဒဏ်အမိန့် ချမှတ်လိုက် ခြင်းဖြစ်ကြောင်း တနသ်ာရီမြို့မှ ဒီချုပ်ပါတီရွေးကောက်ခံကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

” ခင်ဗျား တာဝန်ကျေပါတယ်။ပြည်သူတစ်ယောက် အနေနဲ့၊ပြည်သူ့ဝန်ထမ်းတစ်ယောက် အနေနဲ့ အခုချိန်မှာ ခင်ဗျား နဲ့ မိသားစုတွေ ရင်ဆိုင်နိုင်ဖို့ ခက်ခဲမှာမှန်ပေမယ့် ခင်ဗျားရဲ့ သားသမီးရှေ့၊ပတ်ဝန်းကျင်အလယ်မှာ လိပ်ပြာလုံတဲ့သူတစ်ယောက်အဖြစ် လက်မထောင်ပြီးနေဖို့ လိပ်ပြာသန့်မယ်ဆိုတာ ယုံကြည်တယ်” ဟု ဦးအောင်ကျော်ဟိန်းက ရေးသားထားသည်။

ဦးအောင်သက်ဦးသည် အသက် (၄၅)နှစ်ခန့်ရှိပြီး ရိုးသားစွာနေထိုင်သူဖြစ်၍ တနသ်ာရီမြို့ခံများက ချစ်ခင်ကြသည့် ဝန်ထမ်းတစ်ဦးဖြစ်သည်။ စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် အစောဆုံး CDM လုပ်ခဲ့သည့် ဝန်ထမ်းများထဲမှ တစ်ဦးဖြစ်သည်ဟု မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့ပေါ် ရပ်ကွက်တွေက အမှိုက်ကန်တွေမှာ စည်ပင်က အရင်လိုနေ့စဉ် အမှိုက်မသိမ်းဆည်းတာကြောင့် အနံ့ဆိုးတွေ ထွက်နေတာကို ကြုံနေရတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

တော်လှန်ရေး (၅)နှစ်ကျော်တဲ့အထိ စိတ်ဓာတ်မကျဘဲပါဝင်နေတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM)ဝန်ထမ်းတွေ စည်းလုံးကြဖို့ ဂုဏ်ပြုတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ကရင်နီပြည်နိုင်ငံ့ဝန်ထမ်းအကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ (KSCSC-CDM) တာဝန်ရှိသူက ပြောပါတယ်။