၂၀၂၂ ခုနှစ် ရဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းတဲ့အထဲမှာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လည်းပါဝင်လာတာကိုတွေ့ရပါတယ်။
နိုဘယ်ငြိမ်းချမ်းရေးဆု အတွက် တင်သွင်းထားတဲ့အမည်စာရင်းမှာ NUG အစိုးရ ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီး (WHO) ၊ ရာသီဥတုအရေးလှုပ်ရှားသူ ဆယ်ကျော်သက် ဂရေတာသွန်းဘတ် ၊ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်တို့လည်းပါဝင်လာတာပါ။
၂၀၂၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုအတွက် အမည်စာရင်းတင်သွင်းရမယ့် နောက်ဆုံးရက်ဟာ မနေ့က ဇန်နဝါရီလ ၃၁ ရက်ဖြစ်ပါတယ်။
ဒါကြောင့် အမည်စာရင်းတင်သွင်းခံထားရသူတွေ၊ အဖွဲ့အစည်းတွေရဲ့စာရင်း ထွက်ပေါ်လာတာပါ။
နိုဘယ်ဆုကိုတော့ နှစ်ဦး ဒီဇင်ဘာလအတွင်း ချီးမြှင့်ပွဲ ကျင်းပလေ့ရှိပါတယ်။
