Connect with us

Hi, what are you looking for?

News

အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ပြင်ဆင်ကြောင်း CRPH ကြေညာ

ထို့အပြင် “အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်သည်”ဟုလည်း ပြင်ဆင်အစားထိုးသည်။

People's Spring
People's Spring

ပြည်ထောင်စုလွှတ်တော်သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကို ပြင်ဆင်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ (ဖေဖော်ဝါရီ ၂ ရက်)ထုတ်ပြန်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီရေးဆွဲထားသော မဟာဗျူဟာအရ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရကို အကြံပေးရမည်ဟု ပြင်ဆင်ချက်ပါရှိခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ တွင် ပြင်ဆင်ခဲ့သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ (က) ကို “ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါ နိုင်ငံရေးလမ်းပြမြေပုံနှင့် နိုင်ငံရေးရည်မှန်းချက်များ အကောင်အထည် ဖော်နိုင်ရေးအတွက် ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ ရေးဆွဲထားသော မဟာဗျူဟာအရ နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အကျိုးစီးပွားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရကို အကြံပေးရမည်”ဟု ပြင်ဆင်အစားထိုးသည်။

ထို့အပြင် “အတိုင်ပင်ခံပုဂ္ဂိုလ်၏ ရာထူးသက်တမ်းသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ သက်တမ်းနှင့်အညီ ဖြစ်သည်”ဟုလည်း ပြင်ဆင်အစားထိုးသည်။

Public Service Announcement

Public Service Announcement

NUG သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ကို ခန့်အပ်ထားပြီး လက်ရှိတွင် တရားမဝင်အာဏာသိမ်းစစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးမျိုးတပ်ကာ အမှု ၁၇ မှုစွဲဆိုထားသည်။ အမှု ၁၇ မှုအနက် ၅ မှုအတွက် ထောင်ဒဏ် ၈ နှစ်ချမှတ်ကာ ၂ နှစ်ကို လျှော့ပေါ့ကြောင်း ကြေညာထား၍ ၆ နှစ် ချမှတ်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ ရဲဘော်တွေ ပြောဆိုလေ့ရှိတဲ့ ဗန်းစကားတစ်ခုရှိပါတယ်။ ‘ပွဲကတယ်’ဆိုတဲ့ စကားပါ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကျန်းမာရေးနှင့်ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေစိုးသည်ပြည်တွင်း၌ ရှိနေပြီးလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ဦးဆောင်ကိုင်တွယ်နေသည်။

မေးမြန်းခန်း

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့်မေးမြန်းခန်း သော်မွန်/People’s Spring တော်လှန်ရေးကာလ ၄နှစ်ကျော်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ်ကို ပထမဆုံးအကြိမ် လူသိရှင်ကြား ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။ မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်မ်ဟာ ဧပြီ ၁၇ရက်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိင်နဲ့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြိုမှာ လူချင်းတွေ့ဆုံခဲ့ပြီး...

သတင်း

မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်ဟာ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒီနေ့ ညနေပိုင်း တွေ့ဆုံခဲ့ပြီး မနက်ဖြန်(ဧပြီ ၁၈ရက်)မနက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံသွားဖို့ ရှိတယ်လို့ အသိပေးပါတယ်။