Connect with us

Hi, what are you looking for?

News

ရွှေဘိုတွင် စစ်ကောင်စီတပ်ကားနှစ်စီး နှစ်ကြိမ်မိုင်းခွဲခံရပြီး နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

ရွှေဘိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကားနှစ်စီး နှစ်ကြိမ်ဆက်မိုင်းခွဲခံရပြီး စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားကြောင်း ရွှေဘိုအခြေစိုက် SNAKE EYES(PDF)က ဖေဖော်ဝါရီ ၂ရက် ထုတ်ပြန်သည်။

People's Spring
People's Spring

ယမန်နေ့နံနက် ၁၁ နာရီ ၁၅မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ပေါက်ချိုင်ရွာနှင့် ဇီးဖြူကုန်းရွာကြား တည်သီးတောတပ်မှထွက်လာသော စစ်ကားနှစ်စီးအား C&T Shwebo၊ Snake Eyes PDF နှင့် ပ.က.ဖအဖွဲ့များမှ နှစ်ကြိမ်ဆက်တိုက် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ပထမအကြိမ် ၁၁ နာရီ ၁၅ မိနစ်တွင် မိုင်းဆွဲတိုက်ခိုက်ရာ စခ ၁ ကောင်သေပြီး ၄ ကောင်ဒဏ်ရာရရှိကာ ရှေ့ဆက်တိုးလာသဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ရာ စခ ၁ ကောင်ထပ်မံသေဆုံးပြီး မိမိတို့ကာကွယ်ရေးအဖွဲ့အစည်းဘက်များ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်”ဟု SNAKE EYES(PDF)က အသိပေးသည်။

၎င်းတို့အနေဖြင့် စစ်ကောင်စီနှင့် စစ်ကောင်စီ၏ ထောက်တိုင်ဖြစ်သော ပျူ ၊ ဒလန်များကိုပါ တစ်ဆက်တည်းရှင်းလင်းသွားမည်ဖြစ်ကြောင်း အများပြည်သူများအား အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook