Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖလမ်းမြို့နယ်၌ ဇန်နဝါရီလအတွင်းတိုက်ပွဲ ၁၂ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈၁ဦးသေဟု CNO ထုတ်ပြန်

တိုက်ပွဲဖြစ်ပွားရာ အနီးအနား ၈နေရာတွင် စစ်ကောင်စီတပ်မှ အလောင်းများ ပုံထားသည်ကို တွေ့ရကြောင်း၊ ၆၀ မမ ၊ ၄၀ မမ နှင့် ကျည်အများအပြား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် နေရာအချို့တွှင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(CNDF)နှင့် စစ်ကောင်စီတပ် တို့ ဇန်နဝါရီလအတွင်း တိုက်ပွဲ ၁၂ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈၁ဦး သေဆုံးပြီး ၆၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်သည်။

အင်အား ၃၀၀ ခန့် ရှိသည့် အကြမ်းဖက်စစ်ကောင်စီ တပ်သည် ဇန်နဝါရီ ၆ရက်မှ စ၍ ထိုးစစ်ဆင်လာသည့် အပေါ် CNO လက်အောက်ခံ CNDF တပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးအနား ၈နေရာတွင် စစ်ကောင်စီတပ်မှ အလောင်းများ ပုံထားသည်ကို တွေ့ရကြောင်း၊ ၆၀ မမ ၊ ၄၀ မမ နှင့် ကျည်အများအပြား သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။

CNDF တပ်မှလည်း မိုင်းရှင်းလင်းစဉ် ဒဏ်ရာရသူ တစ်ဦး အပါအဝင် တိုက်ပွဲကာလအတွင်း ၈ဦး ဒဏ်ရာရခဲ့ပြီး ၁ဦး ကျဆုံးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

CNDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ နေရာများမှာ ဖလမ်းမြို့နယ် သီးဘွာလ်စခန်း၊ ဝေဘူလမြို့အနီး၊ ဟရီယာန်ရွန်းကျေးရွာ၊ မွှန်လွှရွာ၊ ပါရ်သဲရွာ၊ လာသီးရွာ၊ ဇောင်လဲရွာ၊ ဗားရ်စခန်းနှင့် လုံဘန်းရွာအနီးတို့ ဖြစ်သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။