Connect with us

Hi, what are you looking for?

News

မတူပီမှလာ​သောစစ်​ကောင်စီတပ်ကိုCDF (မင်းတပ်) ထပ်မံတိုက်ခိုက် စစ်​ကောင်စီတပ် ၇ ဦး​သေဟုထုတ်ပြန်

မတူပီမှ ပြန်ဆင်းလာသည့်အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နေ့လယ် ၂ နာရီနှင့် ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ချင်းပြည်နယ် မတူပီ-မင်းတပ် လမ်းရှိ မိုင်တိုင် ၂၀ တွင် စစ်ကောင်စီတပ်နှင့် လျင်း​ဒေသကာကွယ်​ရေးတပ်-CDF(မင်းတပ်) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ဦး မိုင်းထိ သေဆုံးခဲ့ကြောင်း မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မတူပီမှ ပြန်ဆင်းလာသည့်အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နေ့လယ် ၂ နာရီနှင့် ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးမျိုးစုံအပါအဝင် သံချပ်ကားများပါအသုံးပြု၍ အကြိမ် ၅၀ ထက်မနည်းပစ်ခဲ့သည်။ ထိုအပြင် မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ တပ်ရင်းကလည်း မော်တာကျည်များဖြင့် ပစ်ကူပေးခဲ့​ကြောင်းမင်းတပ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့့ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“စစ်တပ်ဘက်က လက်နက်ကြီး အားကိုးနဲ့ တစ်မိနစ်ကို တချက်နှုန်းပစ်နေတာ၊ မနက်ကတည်းက စစ်တပ်ဘက်က ပစ်နေတာ အခုညနေထိပဲ၊ တိုက်ပွဲကပြင်းထန်တယ်လိုပဲဆိုရမယ်”ဟု CDF(မင်းတပ်) နှင့် နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးမှာ မိုင်းထိသေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိခဲ့ဟုသိ့ရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်များသည် မိုင်တိုင် ၁၈ တွင် ရှိနေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မတူပီမြို့မှာ ပြန်ဆင်းလာသည့် အကြမ်းစစ်ကောင်စီယာဉ်တန်းကို CDF(မင်းတပ်)က ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းကလိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် မတူပီမြို့မှ မိုင်တိုင် ၃၂ နှင့် မိုင် တိုင် ၃၀ တို့တွင် တိုက်ပွဲစတင်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်မှ ၆ ဦးသေဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်စီမှ MA3 တစ်လက် သိမ်းမီရသည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုပြင် ယမန့်နေ(ဖေဖော်ဝါရီ-၃ရက်)တွင် မင်းတပ်-မတူပီ လမ်းပေါ်ရှိ မိုင်တိုင် ၂၈ တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့​သေးသည်။ ထိုတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်သားတစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

Facebook