Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီမှလာ​သောစစ်​ကောင်စီတပ်ကိုCDF (မင်းတပ်) ထပ်မံတိုက်ခိုက် စစ်​ကောင်စီတပ် ၇ ဦး​သေဟုထုတ်ပြန်

မတူပီမှ ပြန်ဆင်းလာသည့်အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နေ့လယ် ၂ နာရီနှင့် ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ချင်းပြည်နယ် မတူပီ-မင်းတပ် လမ်းရှိ မိုင်တိုင် ၂၀ တွင် စစ်ကောင်စီတပ်နှင့် လျင်း​ဒေသကာကွယ်​ရေးတပ်-CDF(မင်းတပ်) တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၇ ဦး မိုင်းထိ သေဆုံးခဲ့ကြောင်း မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

မတူပီမှ ပြန်ဆင်းလာသည့်အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ယနေ့(ဖေဖော်ဝါရီ ၄ ရက်) နေ့လယ် ၂ နာရီနှင့် ၃ နာရီခွဲအထိ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးမျိုးစုံအပါအဝင် သံချပ်ကားများပါအသုံးပြု၍ အကြိမ် ၅၀ ထက်မနည်းပစ်ခဲ့သည်။ ထိုအပြင် မင်းတပ်မြို့ပေါ်ရှိ ခလရ ၂၇၄ တပ်ရင်းကလည်း မော်တာကျည်များဖြင့် ပစ်ကူပေးခဲ့​ကြောင်းမင်းတပ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့့ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

“စစ်တပ်ဘက်က လက်နက်ကြီး အားကိုးနဲ့ တစ်မိနစ်ကို တချက်နှုန်းပစ်နေတာ၊ မနက်ကတည်းက စစ်တပ်ဘက်က ပစ်နေတာ အခုညနေထိပဲ၊ တိုက်ပွဲကပြင်းထန်တယ်လိုပဲဆိုရမယ်”ဟု CDF(မင်းတပ်) နှင့် နီးစပ်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ ဦးမှာ မိုင်းထိသေဆုံးခဲ့ပြီး ဒေသခံကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်မရှိခဲ့ဟုသိ့ရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်များသည် မိုင်တိုင် ၁၈ တွင် ရှိနေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

မတူပီမြို့မှာ ပြန်ဆင်းလာသည့် အကြမ်းစစ်ကောင်စီယာဉ်တန်းကို CDF(မင်းတပ်)က ဖေဖော်ဝါရီ ၂ ရက်နေ့ကတည်းကလိုက်လံတိုက်ခိုက်နေခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၂ ရက်တွင် မတူပီမြို့မှ မိုင်တိုင် ၃၂ နှင့် မိုင် တိုင် ၃၀ တို့တွင် တိုက်ပွဲစတင်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်မှ ၆ ဦးသေဆုံးခဲ့သည်။ ထိုတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်စီမှ MA3 တစ်လက် သိမ်းမီရသည်ဟု မင်းတပ်မြို့ပြည်သူအုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ထိုပြင် ယမန့်နေ(ဖေဖော်ဝါရီ-၃ရက်)တွင် မင်းတပ်-မတူပီ လမ်းပေါ်ရှိ မိုင်တိုင် ၂၈ တွင် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့​သေးသည်။ ထိုတိုက်ပွဲတွင် ဒေသခံကာကွယ်ရေးတပ်သားတစ်ဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။