Connect with us

Hi, what are you looking for?

News

ဆောနှင့် ​လောင်းရှည်မြို့တို့တွင် တိုက်ပွဲဖြစ်၊ ဒုဗိုလ်တစ်ဦးအပါအဝင် နှစ်ဦး​သေဆုံး

တိုက်ပွဲဖြစ်စဥ်နှစ်ခုအနက် ဖေဖော်ဝါရီ ၄ရက် နံနက် ၄ နာရီခွဲခန့်တွင် PDF – Saw နှင့် YDF(Saw&Kyaukhtu) ပူးပေါင်းအဖွဲ့မှ ဆောမြို့တွင်းရှိ အရာရှိများတပ်စွဲထားရာနေရာနှင့် စစ်ကောင်စီ​ထောက်တိုင်များအား တိုက်ခိုက်ခဲ့သည်။

မကွေးတိုင်း ဆောနှင့် လောင်းရှည်မြို့တို့မှ အကြမ်းဖက်စစ်ကောင်စီအခြေစိုက်နေရာနှစ်ခုအား ပြည်သူ့ကာကွယ် ရေးပူးပေါင်းအဖွဲ့များ တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးကြောင်း Yaw Defence Forceက ယနေ့(ဖေဖော်ဝါရီ ၅ ရက်) ထုတ် ပြန်သည်။

တိုက်ပွဲဖြစ်စဥ်နှစ်ခုအနက် ဖေဖော်ဝါရီ ၄ရက် နံနက် ၄ နာရီခွဲခန့်တွင် PDF – Saw နှင့် YDF(Saw&Kyaukhtu) ပူးပေါင်းအဖွဲ့မှ ဆောမြို့တွင်းရှိ အရာရှိများတပ်စွဲထားရာနေရာနှင့် စစ်ကောင်စီ​ထောက်တိုင်များအား တိုက်ခိုက်ခဲ့သည်။

ထို့နောက် နံနက် ၇နာရီခန့်တွင် PDF – Laung She (LRPDF)နှင့် YDF (Saw& Kyaukhtu) အဖွဲ့များပူးပေါင်းပြီး လောင်းရှည်မြို့ မီးသတ်ကုန်းတွင် တပ်စွဲထားသော စစ်​ကောင်စီတပ်များအား ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲမှာ ၂နာရီခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ် တပ်ဘက်မှ ဒုဗိုလ်တစ်ဦးနှင့် တပ်သားတစ်ဦး ​သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

“နှစ်ဦးသေတယ်ဆိုတာတော့ အတည်ပြုနိုင်တယ်ဗျ။တ ခြားဒီထက်ပိုပြီး စခ တွေဘက်က ထိခိုက်နိုင်တာရှိတယ်” ဟု Yaw Defence Forceမှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက် ခိုက်သောကြောင့် ဒေသခံပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိမှုများလည်း ရှိခဲ့သည်ဟုလည်း Yaw Defence Forceက ဆိုသည်။ သို့​သော် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိခဲ့ပေ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-ပြည်လမ်းပိုင်းက စစ်တပ်ဂိတ်စခန်းတိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ၅ ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ပဲခူးတိုင်းစစ်ဌာနကထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

Facebook