Connect with us

Hi, what are you looking for?

News

ဒီမိုကရေစီ ဆက်လက်ရှင်သန်နိုင်ရေး လွှတ်တော်ခေါ်ယူကျင်းပရန်လိုအပ်ကြောင်း NUG ယာယီသမ္မတပြော

“လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

▪️၂၀၂၀ရွေးကောက်ပွဲ အနိုင်ရလွှတ်တော်ကိုယ်စား လှယ်များဖြင့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးခေါ်ယူ

စစ်အာဏာရှင်များ၏ တရားဝင်မှုကို ငြင်းပယ်နိုင်ရေး၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင်မှုကိုခိုင်မာစေရေးနှင့် ဒီမိုကရေစီ ဆက်လက်ရှင်သန်နိုင်ရေး ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်ကျင်းပနေရန်လိုအပ်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြား သည်။

ယနေ့(ဖေဖော်ဝါရီ ၅ ရက်)ခေါ်ယူကျင်းပသော ပြည်ထောင်စုလွတ်တော် တတိယအကြိမ်အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတက တက်ရောက်မိန့်ခွန်း ပြောကြားစဉ် ဒီမိုကရေစီစနစ် ရှင်သန်ရန် ပြည်သူများရွေးချယ်ထားသည့် လွှတ်တော်ရှိရမည်ဟု ထည့်သွင်းပြောကြားသည်။

“လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်”ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်အထိ ပြည်တွင်းရှိ ပြည်သူလူထုများသာမက နိုင်ငံတကာရှိ နိုင်ငံရေးအသိုင်းအဝိုင်းများကပါ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ NUG အစိုးရကိုသာ အသိအမှတ်ပြုလာကြခြင်းသည် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီCRPH ၏ နိုင်ငံရေးသတ္တိရှိမှု၊ နိုင်ငံရေးပါးနပ်မှုနှင့် နိုင်ငံရေး ဦးဆောင်မှုကြောင့် ဖြစ်သည်ဟု ယာယီသမ္မတ ဂုဏ်ပြုသည်။

ထို့အပြင် ယခုကဲ့သို့ နိုင်ငံရေးအခက်အခဲများ ရင်ဆိုင်နေရသည့် ကြားကာလတွင် NUG အတွက် လိုအပ်သည့် ဥပဒေပြုရေးနှင့် NUG ၏ အခွင့်အာဏာ၊ လုပ်ဆောင်မှုများကို ကြီးကြပ်ထိန်းညှိပေးရန်သည်လည်း လွှတ်တော် ၏ အရေးကြီးသည့်တာဝန်ဖြစ်ကြောင်း ယာယီသမ္မတက ဆက်ပြော သည်။

အလားတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)ဦးဆောင်သည့် အစုအဖွဲ့အစုံအလင်ဖြင့် အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးလမ်းစဉ်တွင်လည်း CRPH က ဦးဆောင်ဦးရွက်ပြုရဦးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယာယီသမ္မတ၏ မိန့်ခွန်းအဆုံးသတ်တွင် စစ်ကောင်စီကို အမြစ်ပြတ်ချေမှုန်းရန်၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်ရန်၊ စည်ပင်သာယာ၀ပြောသောတိုင်းပြည်ကို တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့်အတူ တည်ထောင်ကြရန် တိုက်တွန်းနှိုးဆော်သည်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။