Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ဝက်လက်မြို့နယ်မှ ပြည်သူ ၆ဦးကို မီးရှို့သတ်ဖြတ်၊ စစ်ရာဇဝတ်မှုအဖြစ် မှတ်တမ်းတင်ထားမည်

ဖေဖော်ဝါရီ ၃ ရက်က ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွားသို့ ဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်က ဦးဇော်မင်းထွန်း၊ ဦးမြင့်အောင်၊ ကိုသူရထွန်း၊ ကိုကိုလင်းမောင်၊ ကိုသဲထွန်းအောင်နှင့် ကိုမက်းမင်းထွန်းတို့ ၆ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ဝက်လက်မြို့နယ်အတွင်းရှိ အပြစ်မဲ့ပြည်သူ ၆ ဦးကို ရက်ရက်စက်စက် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းအပေါ် ဝက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဝမ်းနည်းကြောင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၃ ရက်က ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွားသို့ ဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီတပ်က ဦးဇော်မင်းထွန်း၊ ဦးမြင့်အောင်၊ ကိုသူရထွန်း၊ ကိုကိုလင်းမောင်၊ ကိုသဲထွန်းအောင်နှင့် ကိုမက်းမင်းထွန်းတို့ ၆ဦးကို မီးရှို့သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

“မိမိတို့ ဝက်လက်မြို့နယ်အတွင်းရှိ အပြစ်မဲ့ အရပ်သားပြည်သူ ၆ ဦးအား ယခုလို ရက်စက်စွာ မီးရှို့သတ်ဖြတ်ခံရခြင်းအား ဝက်လက်မြို့ နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အထူးဝမ်း နည်းစွာ စိတ်မကောင်းဖြစ်ရပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီမှ သစ်ဆိမ့်ကြီးကျေး ရွာရှိ အပြစ်မဲ့ပြည်သူ ၆ ဦးအား ယခုလို လူသားမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ခြင်းအား စစ်ရာဇဝတ်မှုကျူးလွန်ခြင်းအဖြစ် အရေးယူနိုင်ရန် NUG အစိုးရ၏ လမ်းညွှန်မှုအတိုင်း မှတ်တမ်းတင်ထားရှိမည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။