Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီရိရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်မှ ၇ဦးသေဟု KNDF ဖယ်ခုံဇုန်ထုတ်ပြန်

စစ်ကောင်စီမှ ၇ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ KNDFမှ ရဲဘော် တစ်ဦး ဒဏ်ရာရပြီး တပ်ဆုတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(KNDFတပ်ရင်း ၃ တပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်များနှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၄ရက်က လွိုင်ကော်မြို့နယ် ထီရိရွာ အနီး တောင်ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း KNDF ဖယ်ခုံဇုန်ကယနေ့ထုတ်ပြန်သည်။

KNDF တပ်ရင်း(၃) ၊ တပ်ရင်း (၂) ၊ တပ်ရင်း (၁၁) တို့မှ ပူးပေါင်းတပ်ဖွဲ့နှင့် ထီရိရွာ အပေါ် တောင်ထိပ်တွင် တပ်လာစွဲသော စစ်ကောင်စီ တို့​ဖေ​ဖော်ဝါရီ ၄ရက်က ၁နာရီခွဲကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီမှ ၇ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ KNDFမှ ရဲဘော် တစ်ဦး ဒဏ်ရာရပြီး တပ်ဆုတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်ကူလာ​နေ​သော စစ်​ကောင်စီတပ်များကို ပြတ်ပြတ်သားသားတိုက်ခိုက်​ချေမှုန်းသွားမည်ဖြစ်​ကြောင်းကရင်အမျိုးသားအစည်းအရုံး(KNU )ပြော​​ရေးဆိုခွင့်ရှိသူ ပဒို​စော​တောနီးက မီဒီယာများအား ​ဧပြီ ၂၄ရက်တွင် ပြောကြားထားသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။