Connect with us

Hi, what are you looking for?

News

ထီရိရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်မှ ၇ဦးသေဟု KNDF ဖယ်ခုံဇုန်ထုတ်ပြန်

စစ်ကောင်စီမှ ၇ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ KNDFမှ ရဲဘော် တစ်ဦး ဒဏ်ရာရပြီး တပ်ဆုတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

(KNDFတပ်ရင်း ၃ တပ်ဖွဲ့ဝင်အချို့ကို ​တွေ့ရစဥ်။ဓါတ်ပုံ-KNDF)

ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တပ်များနှင့် စစ်ကောင်စီတို့ ဖေဖော်ဝါရီ ၄ရက်က လွိုင်ကော်မြို့နယ် ထီရိရွာ အနီး တောင်ပေါ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးပြီး ဒဏ်ရာရသူများရှိကြောင်း KNDF ဖယ်ခုံဇုန်ကယနေ့ထုတ်ပြန်သည်။

KNDF တပ်ရင်း(၃) ၊ တပ်ရင်း (၂) ၊ တပ်ရင်း (၁၁) တို့မှ ပူးပေါင်းတပ်ဖွဲ့နှင့် ထီရိရွာ အပေါ် တောင်ထိပ်တွင် တပ်လာစွဲသော စစ်ကောင်စီ တို့​ဖေ​ဖော်ဝါရီ ၄ရက်က ၁နာရီခွဲကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

စစ်ကောင်စီမှ ၇ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း၊ KNDFမှ ရဲဘော် တစ်ဦး ဒဏ်ရာရပြီး တပ်ဆုတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။