Connect with us

Hi, what are you looking for?

News

တနိုင်း ရွှေနှင့် ပယင်းမှော်အနီးရှိ စစ်ကောင်စီတပ်စခန်းကို KIAနှင့် PDF တိုက်ခိုက်သိမ်းပိုက်ဟု ဒေသခံပြော

အဆိုပါဒေသတွင် ၂၀၁၆ ခုနှစ်က စစ်ကောင်စီတပ်က လေကြောင်းနှင့် မြေပြင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ထိုးစစ်ဆင်ကာ KIA တပ်စခန်းများတွင် ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်သည်။

(KIA တပ်ဖွဲ့ဝင်များကို စစ်​ရေးပြ အခမ်းအနားတစ်ခုတွင်​တွေ့ရစဥ်)

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ ရွှေမှော်နှင့် ပယင်းမှော်များ အနီးရှိ စစ်ကောင်စီ၏ နမ့်ကောန့် တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ ၆ရက် နံနက် ၉နာရီခွဲခန့်တွင် နမ့်ကောန့်စခန်းကို KIAနှင့် PDF ပူးပေါင်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီခန့်အကြာတွင် စခန်းသိမ်းတိုက်ခိုက်နိုင်ခဲ့သည်ဟု​သိ့ရသည်။

“တနိုင်းမြို့ရဲ့ အနောက်ဘက်ခြမ်းပေါ့။ အဲဒါက အရင်က ပယင်းရွှေမှော်။ အဲဒီနေရာမှာ တပ်က ထိုးစစ်ဆင်ပြီး သိမ်းတဲ့အခါ သူတို့ ပြန်ထိုင်ထားတာ။ အရင်က KIA ထိုင်တဲ့နေရာပေါ့။ အခု သူတို့နေရာ သူတို့ ပြန်ထိုးစစ်ဆင်တဲ့ သဘောနဲ့ တိုက်တာပေါ့။” ဟု ဒေသခံက ပြောသည်။

Public Service Announcement

အဆိုပါဒေသတွင် ၂၀၁၆ ခုနှစ်က စစ်ကောင်စီတပ်က လေကြောင်းနှင့် မြေပြင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ထိုးစစ်ဆင်ကာ KIA တပ်စခန်းများတွင် ဝင်ရောက်နေရာယူခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“အကျအဆုံးကျတော့ KIAဘက်က အတိအကျ ထုတ်ပြန်ထားတာမတွေ့ရဘူး။ စခန်းသိမ်းတယ်ဆိုရင်တော့ တပ်မတော်(စစ်ကောင်စီ)ဘက်က သေမှာပဲလေ။ ဒါပေမဲ့ KIAနဲ့ PDFကတော့ အေးဆေး ဘာမှမဖြစ်ဘူးလို့ကြားတယ်” ဟု ဒေသခံက နမ့်ကောန့်စခန်းသိမ်း တိုက်ပွဲနှင့်ပတ်သက်ပြီးပြောသည်။

စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာနိုင်ခြင်း သို့မဟုတ် KIAက ထိုးစစ်ဆင် တိုက်ခိုက်မှု ဆက်လုပ်ခြင်းများ ရှိလာနိုင်၍ တိုက်ပွဲ ဆက်လက် ဖြစ်နိုင်မည့်အလားအလာ များကောင်း ဒေသခံကဆက်ပြောသည်။

KIA နှင့် PDF တပ်များသည် ဖေဖော်ဝါရီ ၁ရက်မှစ၍ ပူတာအို၊ဆွမ်ပရာဘွမ်၊ ဖားကန့်၊ တနိုင်း၊ မိုးညှင်းမြို့နယ်များရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် စစ်ကြောင်းများကို ဆက်တိုက်တိုက်ခိုက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသခံတွေအတွက် လေကြောင်းအန္တရာယ်စိုးရိမ်ရလို့ ကချင်လွတ်လပ်ရေးတပ်မ​တော်(KIA)နဲ့ KPDF ပူးပေါင်းတပ်တွေ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ပြီး စခန်းမထိုင်ဘဲပြန်ဆုတ်ခွာခဲ့တဲ့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုမှာ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ်(SNA)တွေ ပြန်ဝင်လာပြီး အရပ်သားတွေကို အကြမ်းဖက်လုယက်မှုတွေပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်အနီးနေရာတွေကို ပစ်မှတ်ထားပြီး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က အသေခံဒရုန်းနဲ့တိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ ဝါဒဖြန့်ချန် နယ်တွေကဖော်ပြပြီး စစ်ကောင်စီကလည်း ဒီကနေ့ဖေဖော်ဝါရီ ၁၃ရက် မနက်အစောက စပြီး တိုက်ပွဲတွေဖြစ်နေတဲ့ ဝိုင်းမော်မြို့နယ်ဘက်ကိုလက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်စခန်းအချို့ကို ထပ်မံ သိမ်းရတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

လားရှိုးမြို့ထဲနဲ့ မြို့အနီးမှာ အာဏာသိမ်းစစ်တပ်ရော၊ MNDAAကပါ စစ်အင်အားတွေထပ်တိုးထားပြီး စစ်ရေးပြင်ဆင်မှုတွေလုပ်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

Facebook