Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်စခန်းတစ်ခု ထပ်မံသိမ်းပိုက်ရရှိမှု KIA အတည်ပြု

ဖေဖော်ဝါရီ ၆ရက် နံနက်က တနိုင်း ပယင်းနှင့် ရွှေမှော်များ ရှိရာနေရာ တဝိုက်၌ တပ်စွဲထား သည့် စစ်ကောင်စီ၏ နမ့်ကောန့် တပ်စခန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ၏ ပြောကြားသည်။

တစ်ပတ်အတွင်း တပ်စခန်းသုံးခုထက်မနည်း KIA သိမ်းပိုက်ထား၊ ကချင်ပြည်နယ် နေရာအများအပြား၌ စစ်ရေးလှုပ်ရှားမှုရှိဟုဆို

ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ စစ်ကောင်စီ၏ နမ့်ကောန့်တပ်စခန်းကို သိမ်းပိုက်ရရှိခဲ့ ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက လူထုနွေဦးသို့ အတည်ပြုသည်။

ဖေဖော်ဝါရီ ၆ရက် နံနက်က တနိုင်း ပယင်းနှင့် ရွှေမှော်များ ရှိရာနေရာ တဝိုက်၌ တပ်စွဲထား သည့် စစ်ကောင်စီ၏ နမ့်ကောန့် တပ်စခန်းကို KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က သိမ်းပိုက်ခဲ့ကြောင်း ဒေသခံ၏ ပြောကြားသည်။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူက “ဟုတ်ကဲ့ပါ အဲဒီဘက်မှာ သိမ်းပိုက်လို့ရတယ်ဆိုတဲ့ ကျွန်တော်တို့ဘက်က သတင်းတော့တက်ပါတယ်။ဒါပေမဲ့ ခုလောလောဆယ်တော့ အခြေအနေ ကတော့ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။ အဲဒီဘက်က တင်းမာတဲ့အနေ အထားဖြစ်ပါတယ်” ဟု လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ယခု ဖေဖော်ဝါရီပထမပတ်အတွင်း KIAနှင့် PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီ၏ တပ်စခန်းနှင့် ရဲစခန်း ၃ခုထက်မနည်းကို သိမ်းပိုက်ရရှိထားသည်။ ဖေဖော်ဝါရီ ၁ရက်တွင် ပူတာအို ဆွမ်ပီယန် တပ်စခန်း၊ ဖေဖော်ဝါရီ ၃ရက်က မိုးညှင်းမော်ဟန် တပ်စခန်းတို့ကို သိမ်းပိုက်မီးရှို့ခဲ့သည်။

လက်ရှိတွင် ဖားကန့်ဒေသ၌ စစ်ရေးတင်းမာ နေဆဲဖြစ်ပြီး ပူတာအို လုံရှာယာန် ဘက်၌လည်း တိုက်ပွဲဖြစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“ပြောလို့ရတဲ့ အခြေအနေကတော့ အခြေအနေကတော့ တင်းမနေဆဲဖြစ်ပါတယ်။ နောက် ပူတာအို လုံရှာယာန်ဘက်မှာလည်း တိုက်ပွဲရှိပါတယ်။ သိပ်ပြီးမှ ပြင်းပြင်းထန်ထန်ကတော့ မဟုတ်ဘူးပေါ့။ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေရှိပါတယ်။ ကျွန်တော်တို့ ကချင်ပြည်နယ် တော်တော်များများနေရာမှာကတော့ စစ်ရေးကတော့ နည်းနည်း လှုပ်ရှားတာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ဖားကန့်ဒေသ တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုအများ အပြားရှိနေသည့် သတင်းများနှင့်ပတ်သက်ပြီး မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ထိခိုက်သေဆုံးသတင်း များမရသေးဟု ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး မြို့ထဲက အာဏာသိမ်းစစ်‌တပ်ရဲ့စခန်းတွေ KIA နဲ့ KPDF တို့က တိုက်ခိုက်တဲ့အတွက် စစ်တပ်သေဆုံးထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။