Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီတပ်က CDF-KKG တပ်ရင်း ၄ စခန်းကိုတိုက်ခိုက်ရန်ကြိုးစား​နေ၍စစ်​ရေးတင်းမာ​နေ

စစ်ကောင်စီတပ်နှင့် CDF-KKGတို့ကြားတိုက်ပွဲများသည် CDF-KKG ၏ ​ရှေ့​ပြေးစခန်းကို လာ​ရောက်တိုက်ခိုက်သည့်ဖေဖော်ဝါရီ ၄ ရက်မှစတင်ပြီး ဖေဖော်ဝါရီ ၇ရက်အထိဖြစ်ပွားနေဆဲဖြစ်သည်။

(CDF-KKG တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ- CDF)

အကြမ်းဖက်စစ်ကောင်စီက အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ၄ခုခွဲပြီး CDF-KKG တပ်ရင်း-၄ စခန်းကို တိုက်ခိုက်ရန် စီစဉ်နေကြောင်း ချင်းပြည်ကာကွယ်ရေးတပ်-ကလေး-ကဘော်-ဂန့်ဂေါ (CDF-KKG)ကယမန့်(ဖေဖော်ဝါရီ-၇ ရက်)က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့က အင်အား ၅၀၀ကျော်ဖြင့် CDF-KKGတပ်ရင်း ၄ ၏ စခန်းကို သိမ်းပိုက်ရန် ဖေဖော်ဝါရီ ၆ ရက်ကတည်းက ထိုးစစ်နေဖြင်းဖြစ်သည်။သို့​သော်စစ်​ကောင်စီတပ်လာရလမ်းကြောင်းတလျှောက်တွင် မိုင်းများဖြင့် တားဆီးထားသဖြင့် ပြန်လည်ဆုတ်ခွာခဲ့သည်။ CDF-KKG တပ်ရင်း ၄ ကိုတိုက်ခိုက်ရန်အကြမ်းဖက်စစ်ကောင်တပ် ​ခြေမြန်တပ်ရင်း- ခလရ (၇၇) နှင့် ခလရ (၈၈)တို့က ဆောင်ရွက်နေခြင်းဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

စစ်ကောင်စီတပ်နှင့် CDF-KKGတို့ကြားတိုက်ပွဲများသည် CDF-KKG ၏ ​ရှေ့​ပြေးစခန်းကို လာ​ရောက်တိုက်ခိုက်သည့်ဖေဖော်ဝါရီ ၄ ရက်မှစတင်ပြီး ဖေဖော်ဝါရီ ၇ရက်အထိဖြစ်ပွားနေဆဲဖြစ်သည်။

​ဖေ​ဖော်ဝါရီ ၄ ရက်က စစ်ကောင်စီတပ်နှင့်ပျူစောထီးများပါဝင်သည့်အင်အား ၂၀၀ခန့်က ဟံသာဝတီရွာမှ မှန်တောရွာဘက်ကို ထိုးစစ်ဆင်ခဲ့သည်။ထိုကြောင့် CDF-KKGက မှန်တောရွာအထွက်တွင် တိုက်မိုင်းများဆင်ကာ ဆီးကြိုစောင့်ဆိုင်းခဲ့သည်။ ထို့​နေ့ ညနေပိုင်းတွင်စစ်ကောင်စီဘက်မှ ​PDFစခန်းငယ်တခုကိုသိမ်းယူပြီး ထိုနေရာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၄၅ မိနစ်ကြာ ပစ်ခတ်ခဲ့သည်။ထိုကြောင့် ရှေ့ပြေးစခန်းကို ယာယီလက်လွတ်ခဲ့ရပြီး ပစ္စည်းနှင့် လက်နက်အချို့စွန့်လွတ်ခဲ့ရသည်ဟုပါရှိသည်။

Public Service Announcement

Public Service Announcement

သို့သော်လည်း​ CDF-KKG ကဖေ​ဖော်ဝါရီ ၄ ရက်နေ့ ညနေ ၆နာရီမှ ဖေဖော်ဝါရီ ၅ ရက် မနက် ၃ နာရီအထိ ​ရှေ့​ပြေးစခန်းကို ပြန်လည်ရယူရန်တိုက်ခိုက်ခဲ့ပြီး ‌CDF(ဟားခါး)က တပ်မမှူးဦးစီးသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၁၈ ဦးက လာရောက်ကူညီသဖြင့် စခန်းကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်ဟုဆိုသည်။

​ရှေ့​ပြေးစခန်းကိုထိန်းသိမ်းပြီး ၃နာရီအကြာတွင် အကြမ်းဖက်စစ်ကောင်စီအင်အား ၂၅၀ခန့်ကလက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပတ်ခတ်လာသဖြင့်စခန်းကလက်လွတ်ခဲ့ရပြန်သည်ဟုလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ထိုအပြင် စစ်​ကောင်စီတပ်က CDF-KKG ၏ တပ်ရင်း (၄)ကို လာ​ရောက်တိုက်ခိုက်ရန်အင်အားအများအပြားဖြင့် ကြိုးစား​နေပြီးစစ်​ရေးတင်းမာ​နေခြင်းဖြစ်သည်။

ထို့အပြင်အခြားသတင်းတစ်ရပ်မှာ ကလေးမြို့သို့ ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၅ခုကဖေဖော်ဝါရီ၇ရက် မိုင်းခွဲတိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်သား ၉ ဦးသေဆုံးပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့ကြောင်းလည်းCDF-KKG ကသတင်းထုတ်ပြန်သည်။

ကား ၈စီးပါဝင်သည့် အကြမ်းဖက်စစ်ကောင်စီယာဉ်တန်းကို ရန်ကြီးအောင်ကျေးရွာမှ ကလေးမြို့သို့ ဦးတည်လာနေစဉ် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ၅ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးလည်း လက်နက်ကြီးထိမှန်၍ ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည်ဟု ပါရှိသည်။ CDF-KKG ၊ PDF(ကလေး) ၊ဖလမ်းအခြေစိုက် ချင်းပြည်ကာကွယ်ရေးတပ်-CNDF ၊ ရိန်းဂျားကလေးပြည်သူ့ကာကွယ်ရေးတပ်-RKDF နှင့် ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။