Connect with us

Hi, what are you looking for?

News

နိုင်ငံရေးသရုပ်ဖော်ကာတွန်းရေးဆွဲရာမှာ လူသိများတဲ့ ကာတွန်းဟန်လေးကွယ်လွန်

ကာတွန်းဟန်လေးဟာ ကင်ဆာဝေဒနာနဲ့ဆုံးပါးသွားတာဖြစ်ပြီး ကွန်လွန်ချိန်မှာ အသက် ၅၆ နှစ်ရှိပါပြီ။ သူဟာ စစ်အစိုးရ လက်ထက်ကတည်းက နိုင်ငံရေးသရုပ်ဖော်ကာတွန်းတွေကို အားစိုက်ရေးဆွဲလာခဲ့တာပါ။

ဓာတ်ပုံ −Apk Cartoonist /FB

ခေတ်ကိုထင်ဟပ်စေတဲ့ နိုင်ငံရေးသရုပ်ဖော် ကာတွန်းဆရာဟန်လေးဟာ ဒီနေ့ ဖေဖော်ဝါရီလ ၉ ရက် ညနေပိုင်း ၃ နာရီလောက်မှာ ဆုံးပါးသွားတယ်လို့ သူရဲ့မိတ်ဆွေအချို့ဆီကနေ သိရပါတယ်။

ကာတွန်းဟန်လေးဟာ ကင်ဆာဝေဒနာနဲ့ဆုံးပါးသွားတာဖြစ်ပြီး ကွန်လွန်ချိန်မှာ အသက် ၅၆ နှစ်ရှိပါပြီ။ သူဟာ စစ်အစိုးရ လက်ထက်ကတည်းက နိုင်ငံရေးသရုပ်ဖော်ကာတွန်းတွေကို အားစိုက်ရေးဆွဲလာခဲ့တာပါ။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးကာတွန်းတွေကိုရေးဆွဲခဲ့တာတွေ့ရပါတယ်။

ကာတွန်းဟန်လေးဟာ ဧရာဝတီသတင်းဌာနရဲ့ပင်တိုင်ကာတွန်းရေးဆွဲသူလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဧရာဝတီသတင်းဌာနနဲ့ ၂၀၁၈ ခုနှစ်အတွင်းက တွေ့ဆုံမေးမြန်းမှုမှာ ပြောပြချက်အရ ကာတွန်းဟန်လေးရဲ့ ကလောင်နာမည်ကို သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက ပေးခဲ့တယ်လို့သိရပါတယ်။

ဒါအပြင ်သူဟာ ၁၉၈၀ ကျော်လွန်နှစ်တွေက ပန်းချီကျောင်းတက်ခဲ့သူဖြစ်ကာ ရုပ်ရုင်ပိုစတာတွေရေးဆွဲခဲ့သူလည်းဖြစ်ပါတယ်။

အဲဒီနောက် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးဖြစ်လာတဲ့အခါ ရှမ်းပြည်နယ်ဘက်မှာတောခိုခဲ့ပါတယ်။

ကာတွန်ဟန်လေးက ခေတ်ကိုသရော်တဲ့ ကာတွန်းတွေဟာအစိုးရ ကို ဖားလို့မရတဲ့အကြောင်းနဲ့ ထောက်ပြစရာရှိတာကို ထောက်ပြရမယ်လို့ ဘီဘီစီသတင်းဌာနကိုဖြေကြားခဲ့ဖူးပါတယ်။

ကာတွန်းဟန်လေးဟာ ၁၉၈၈ နောက်ပိုင်း ပြည်တွင်း ကာတွန်းဆရာတွေ စာပေစိစစ်ရေးအောက်လှုပ်မရတဲ့အချိန်မှာပြည်ပကနေ အကောင်းဆုံးရေးဆွဲခဲ့သူဖြစ်တယ်လို့ ကာတွန်းဆရာအော်ပီကျယ်ကလည်းသူရဲ့ဖေ့ဘွတ်ခ်မှာရေးသားထားပါတယ်။

မြန်မာပရိသတ်ရဲ့ ရင်ကိုအထိရောက်ဆုံးရေးဆွဲနိုင်ခဲ့ ကာတွန်းဆရာဖြစ်ခဲ့တယ်လို့လည်း ဆရာအော်ပီကျယ်ကဂုဏ်ပြုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့က ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဒိန်းဒေါင်(ခ)ဦးစိုးမိုးနိုင်ဟာ ဒီကနေ့မနက်မှာမြင်းခြံအကျဉ်းထောင်မှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေက ပြောပါတယ်။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။