Connect with us

Hi, what are you looking for?

News

မြောင်တွင် စစ်​ကောင်စီတပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာ ၃ ဦးထက်မနည်း​သေဆုံးပြီး ၁၀ဦးဒဏ်ရာရဟု T.G.Rထုတ်ပြန်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၃ဦးထက်မနည်းသေဆုံးပြီး ၁၀ဦးဒဏ်ရာအပြင်းအထန်ရရှိကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)ကသတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၉ ရက်) နံနက် ၆နာရီခွဲ ခန့်က မြောင်မြို့မှ ဆင်းလာသော အင်အား ၅၀ ကျော်ပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်သည် မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)၏ ထုတ်လုပ်ရေးစခန်းသို့ ဦးတည်လာသောကြောင့် မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R) နှင့် (11 Brothers Revolution Force) ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းပြီး အပြန်အလှန် ပစ်ခတ်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ၎င်းအဖွဲ့များက အသိပေးသည်။

“TGR ထုတ်လုပ်ရေး စခစများဝင်ခဲ့ခြင်းကြောင့် မိုင်းအဝကျွေးထားပါတယ်။ အပြန်အလှန် ပစ်ခက်မှုများရှိပါတယ်။ T.G.R ထုတ်လုပ်ရေးအဖွဲ့ ထုတ်လုပ်ထားသော ရှော့ဒုံးများနဲ့လဲ ပစ်ခတ်တိုက်ထားပါတယ်။ စခစများ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက် ပြည်သူ့အိမ်များ မီးရှို့ခံထားရပါတယ်။T.G.R အဖွဲ့သားများ ဘေးလွတ်ရာသို့ရောက်နေပါတယ်”ဟု T.G.R အဖွဲ့မှ ဗိုလ်တိုက်ဂါးက ပြောသည်။

ထိုတိုက်ခိုက်မှု ဖြစ်စဉ်တွင် အကြမ်းဖက်စစ်သား ၃ဦး တစစီဖြစ်သွားပြီး ၁၀ဦး ဒဏ်ရာအပြင်းထန် ရရှိသွားကြောင်း၊ ပြည်သူ့ရဲဘော်များအားလုံး အထိခိုက်မရှိ အန္တရာယ်ကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (T.G.R)က သတင်းထုတ်ပြန်ခဲ့သည်။

ဖေဖော်ဝါရီ ၅ ရက်ကလည်း မန္တလေးတိုင်း တံတားဦးမြို့မှလာသော အကြမ်းဖက် စစ်ကောင်စီ၏ ကားအသေး ၆ စီးကို TGR ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( Myaung People`s Defense Force TGR)နှင့်ဇာမဏီပြောက်ကျားတပ်ဖွဲ့တို့မှ ဦးဆောင်ပြီး မဟာမိတ်ညီနောင် ဖြစ်သော Ngazun Fight Stars နှင့်ပူးပေါင်းပြီး မြင်သည်ရွာနှင့် စကားတည် ရွာကြားတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

သြဂုတ်၂၁ရက်၊ဝါခေါင်လဆန်း၈ရက် ဥပုသ်နေ့ မနက် ၉ နာရီလောက်က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာ ဘုန်းကြီးကျောင်းထဲမှာဖွင့်ထားတဲ့ တရားစခန်းက ယောဂီတွေဟာ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ အလုပ်ပေးတရားနာယူနေကြတယ်။ အဲဒီတရားစခန်းဟာ ဝါခေါင်လဆန်း ၇ ရက်နေ့က စဖွင့်တာဖြစ်ပြီး ယောဂီတွေဟာ တစ်ရက်ကြိုရောက်ရတော့ ၆ ရက်နေ့ကတည်းက ရောက်နေခဲ့တာပါ။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook