Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက မနက်ဖြန်တွင် နံနက် ၄ နာရီမှည ၁၁အထိ အင်တာနက်ဖြတ်မည်

အင်တာနက်ဖြတ်တောက်ရာတွင် မိုဘိုင်းအင်တာနက်များသာပါဝင်ပြီး Wifiအင်တာနက်များမပါဝင်ဟု အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီဝန်ထမ်းများထံမှ သိရသည်။

အကြမ်းဖက်စစ်​ကောင်စီက ဖေဖော်ဝါရီ ၁၂ရက် (မနက်ဖြန်)တွင် တစ်နိုင်ငံလုံးရှိ မြို့နယ်အများစုတွင် နံနက် ၄နာရီမှ ည ၁၁နာရီအထိ အင်တာနက်လိုင်းများဖြတ်တောက်ရန် မိုဘိုင်းအော်ပရေတာကုမ္ပဏီများညွန့်ကြားထားကြောင်း သိရသည်။

အင်တာနက်ဖြတ်တောက်ရာတွင် မိုဘိုင်းအင်တာနက်များသာပါဝင်ပြီး Wifiအင်တာနက်များမပါဝင်ဟု အင်တာနက်ဝန်ဆောင်မှုကုမ္ပဏီဝန်ထမ်းများထံမှ သိရသည်။

မနက်ဖြန် (ဖေဖော်ဝါရီ ၁၂ ရက်)တွင် ဒီမိုကရေစီလို လားသူများက “ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တိုက်ယူဖို့ လမ်းတွေပေါ်ထွက် တော်လှန်ကြစို့” ဟူသောကြွေးကြော်သံဖြင့် လူထုဆန္ဒပြပွဲများဆောင်ရွက်ရန် ယနေ့မှစ၍ တိုက်တွန်းထားချိန်တွင် အကြမ်းဖက်စစ်ကောင်စီက အင်တာနက်များဖြတ်တောက်ရန် ညွ့န်ကြားလိုက်ခြင်းဖြစ်သည်။

ပင်လုံစာချုပ်ချုပ်ဆိုခဲ့သော (၇၅)နှစ်ပြည့်သည့်နေတွင် စစ်ကောင်စီက ဦးဆောင်ကျင်းပမည့် ဗိုလ်ရှုသဘင်ကို သပိတ်မှောက်ရန် ဒီမိုကရေစီလိုလားသူများက မနက်ဖြန်တွင် Black TV ကမ်းပိန်းပြုလုပ်ပြီး TVမကြည့်ရန်လည်းတိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် လူထုဆန္ဒပြပွဲများကို အားလျော့ပျက်ပယ်သွားစေရန် အာဏာသိမ်ပြီးနောက် အင်တာနက်ဖြတ်တောက်မှုများကို အကြိမ်ကြိမ်ပြုလုပ်​နေသည်။

ချင်းပြည်နယ် ၊စစ်ကိုင်းတိုင်း၊ကချင်ပြည်နယ် ၊မ​ကွေး တိုင်း စ​သော​​ဒေသများရှိ မြို့နယ်၃၀ ​ကျော် တွင်လည်း အင်တာနက်လိုင်းများဖြတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။