Connect with us

Hi, what are you looking for?

News

တောင်ယမားဆည်အနီးတိုက်ပွဲ စစ်​ကောင်စီတပ် ​လေးဦး​သေအများအပြားဒဏ်ရာရ၊ PDF ရဲ​ဘော်​လေးဦးကျဆုံး

တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့် ကြာခဲ့ပြီး အနိုင်တိုက်ခိုက်နိုင်ခြေ ရှိပါသော်လည်း လက်နက်အင်အားမမျှခြင်းကြောင့်ကျားနက်ပြောက်ကျားတပ်ဖွဲ့ဝင်များဆုတ်ခွါခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်။

(ကျဆုံးပြည်သူ့ သူရဲ​ကောင်း​လေးဦး။ဓါတ်ပုံ-ကျားသစ်နက်)

●ကျဆုံးပြည်သူ့ရဲ​ဘော် လေးဦးကို ယ​နေ့မီးသဂြိုဟ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် တောင်ယမားဆည်အနီးတိုက်ပွဲတွင်ကျဆုံးခဲ့သော ပြည်သူ့ရဲဘော်လေးဦးအားသင်္ဂြိုလ်ခဲ့​ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်)က ပုလဲမြို့နယ်ကံပေါက်ကျေးရွာမှ ထွက်ခွာလာသောအင်အား (၈၀)ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် တနယ်ကျေးရွာတောင်ဖက်မှတဆင့် ကျောက်ကုန်းကျေးရွာမြောက်ဖက် ထန်းတောအတိုင်းချီတက်လာရာ တောင်ယမားဆည်ပေါင် အောက်ဖက်အရောက်တွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစအကြမ်းဖက်တပ်မှ ၄ယောက်​သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိသွားခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထိုတိုက်ပွဲတွင် အာဇာနည်သူရဲကောင်းရဲဘော် ၄ဦးကျဆုံးခဲ့ရပြီး အာဇာနည်ရဲဘော် ၄ ဦး၏ ရုပ်အလောင်းများအား ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်)နေ့လယ်၂နာရီအချိန်ခန့်တွင် သင်္ဂြိုလ်ခဲ့​ကြောင်း ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့် ကြာခဲ့ပြီး အနိုင်တိုက်ခိုက်နိုင်ခြေ ရှိပါသော်လည်း လက်နက်အင်အားမမျှခြင်းကြောင့်ကျားနက်ပြောက်ကျားတပ်ဖွဲ့ဝင်များဆုတ်ခွါခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်။

ကျားသစ်နက်တပ်ဖွဲ့သည် ပုလဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဖေဖော်ဝါရီ ၅ ရက်ညက ပုလဲမြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးတို့အားတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook