Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ယမားဆည်အနီးတိုက်ပွဲ စစ်​ကောင်စီတပ် ​လေးဦး​သေအများအပြားဒဏ်ရာရ၊ PDF ရဲ​ဘော်​လေးဦးကျဆုံး

တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့် ကြာခဲ့ပြီး အနိုင်တိုက်ခိုက်နိုင်ခြေ ရှိပါသော်လည်း လက်နက်အင်အားမမျှခြင်းကြောင့်ကျားနက်ပြောက်ကျားတပ်ဖွဲ့ဝင်များဆုတ်ခွါခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်။

(ကျဆုံးပြည်သူ့ သူရဲ​ကောင်း​လေးဦး။ဓါတ်ပုံ-ကျားသစ်နက်)

ကျဆုံးပြည်သူ့ရဲ​ဘော် လေးဦးကို ယ​နေ့မီးသဂြိုဟ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် တောင်ယမားဆည်အနီးတိုက်ပွဲတွင်ကျဆုံးခဲ့သော ပြည်သူ့ရဲဘော်လေးဦးအားသင်္ဂြိုလ်ခဲ့​ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဖေဖေါ်ဝါရီ ၁၀ ရက်)က ပုလဲမြို့နယ်ကံပေါက်ကျေးရွာမှ ထွက်ခွာလာသောအင်အား (၈၀)ခန့်ပါသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် တနယ်ကျေးရွာတောင်ဖက်မှတဆင့် ကျောက်ကုန်းကျေးရွာမြောက်ဖက် ထန်းတောအတိုင်းချီတက်လာရာ တောင်ယမားဆည်ပေါင် အောက်ဖက်အရောက်တွင် ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စကစအကြမ်းဖက်တပ်မှ ၄ယောက်​သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိသွားခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။

ထိုတိုက်ပွဲတွင် အာဇာနည်သူရဲကောင်းရဲဘော် ၄ဦးကျဆုံးခဲ့ရပြီး အာဇာနည်ရဲဘော် ၄ ဦး၏ ရုပ်အလောင်းများအား ယနေ့ (ဖေဖော်ဝါရီ ၁၁ ရက်)နေ့လယ်၂နာရီအချိန်ခန့်တွင် သင်္ဂြိုလ်ခဲ့​ကြောင်း ကျားသစ်နက်ပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲကြာချိန် ၄၅ မိနစ်ခန့် ကြာခဲ့ပြီး အနိုင်တိုက်ခိုက်နိုင်ခြေ ရှိပါသော်လည်း လက်နက်အင်အားမမျှခြင်းကြောင့်ကျားနက်ပြောက်ကျားတပ်ဖွဲ့ဝင်များဆုတ်ခွါခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်။

ကျားသစ်နက်တပ်ဖွဲ့သည် ပုလဲအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်းကာ ဖေဖော်ဝါရီ ၅ ရက်ညက ပုလဲမြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးတို့အားတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။